Tuesday, December 11, 2018

Direct Memory Access (DMA) ဆိုတာ



System Resources ထဲမှာ ပါဝင်တဲ့ Direct Memory Access (DMA) ဆိုတာက Direct ဆိုတဲ့အတိုင်း တိုက်ရိုက် အလုပ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ သုံးစွဲသူ တစ်ဦးဦးက မိမိ အသုံးပြုနေတဲ့ Computer မှာ လုပ်ဆောင်စေချင်တဲ့ အရာတစ်ခုခု ညွှန်ကြားလိုက်တယ် ဆိုပါတော့။ အဲဒီ ညွှန်ကြားချက်က CPU ဆီ ရောက်သွားပြီး မိမိ လုပ်ဆောင်စေချင်တဲံ အရာကို Output အနေနဲ့ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ အဲ...လုပ်ငန်းက တစ်ခုတည်းဆိုရင်တော့ CPU အတွက်အလုပ်မှ မရှုပ်ဘဲ အဆင်ပြေတာပေါ့နော်။ တကယ်လို့ လုပ်ဆောင်စရာ လုပ်ငန်းစဉ်တွေ များနေရင်လေ

CPU က လုပ်စရာတွေများနေတော့ မနိုင်တော့ဘဲ ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ CPU က လုပ်ငန်းစဉ်တွေ မပြီးတဲ့အတွက် စောင့်ဆိုင်းရတဲ့အချိန်တွေ ကြာလာပါတယ်။ ဒီတော့ လုပ်ဆောင်မှုတွေ နှေးလာတော့တာပေါ့။

            ဒီလိုအခြေအနေမျိုးမှာ တိုက်ရိုက်လုပ်ဆောင်မှု DMA လိုလာပြီပေါ့။ သူ့ရဲ့  အဓိက လုပ်ဆောင်မှုက အလုပ်ရှုပ်နေတဲ့ CPU ကို ဒုက္ခမပေးတော့ဘဲ မိမိကိုယ်တိုင် Memory ဆီ တိုက်ရိုက်သွားပြီး လိုအပ်တဲ့ Data အချက်အလက်တွေကို လှမ်းတောင်းယူတဲ့ သဘောတရားပါ။ ဒီတော့ သူက CPU ကို လုံးဝ အားမကိုးတော့ဘူးလေ။ လုပ်ဆောင်စရာ တစ်ခုခုရှိနေတဲ့အခါ လိုအပ်တဲ့ အချက်အလက်တွေကို  ယခင်ကကဲ့သို့  CPU မှ တဆင့် Memory ဆီ သွားရောက်တောင်းယူခြင်းမျိုး မဟုတ်ဘဲ CPU ရဲ့ အကူအညီ မယူတော့ဘဲ Memory ထံ တိုက်ရိုက်သွားရောက်ပြီး Data အချက်အလက်တွေ ရယူခြင်းပါ။ ဒီတော့ CPU အငယ်စားလေးလို့ ပြောလို့ ရပါတယ်။  Disk Drive Controllers, Graphic Cards, Nerwork Cards နဲ့ Sound Cards စတဲ့ Hardware Systems အများစုက DMA  ကို အသုံးပြုကြပါတယ်။ အမျုားအားဖြင့် DMA ကို Local Memory နဲ့ Main Memory တို့အကြား Data တွေ သယ်ဆောင်ရာမှာ အသုံးပြုပါတယ်။










ဒီတော့ DMA ကို  Data တွေ တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ရာမှာ CPU ဆီသွားနေဖို့ မလိုဘဲ Memory ဆီ တိုက်ရိုက်သွားပြီး လုပ်ဆောင်မှုပြုတဲ့နေရာမှာ အသုံးပြုပါတယ်။ ဒီတော့ CPU ကို စောင့်ဆိုင်းနေဖို့ အချိန်မလိုတော့တဲ့အတွက် အလုပ်လုပ်ဆောင်တဲ့  အချိန်ပိုမို မြန်ဆန်လာတာပေါ့။ DMA Chip လေးကတော့ 8237 ဆိုတဲ့ Chip လေးပါပဲ။ ဒီတော့  IBM (International Business Machine) ကုမ္ပဏီက DMA နဲ့ သက်ဆိုင်တာတွေ အားလုံးကို 8237 Chip ထဲမှာ ထည့်ပေးထားတာပါ။ CPU အလုပ်ရှုပ်နေတဲ့အချိန်မှာ CPU က External Data Bus ကို အသုံးမပြုသေးတဲ့အတွက် DMA Chip လေးက အဲဒီ External Data Bus ကို အသုံးပြုပြီး Data တွေ ပို့ပါတယ်။ 8237 Chip လေးရဲ့ တစ်ဖက်မှာ CPU ကို Wire တစ်ခုနဲ့ ဆက်သွယ်ထားပြီး နောက်တစ်ဖက်က Wire (၄) ခု ထွက်နေပါလိမ့်မယ်။ အဲဒီ Wire လေးခုကို DRQ 0 မှ DRQ 3 (သို့) DMA Channel လို့ ခေါ်ဆိုကြပါတယ်။ ISA (Industry Standard Architecture) Slot နဲ့ ချိတ်ဆက်ထားပါသေးတယ်။
            PC (Personal Computer) တစ်လုံးမှာ DMA Channels (၈)ခု ပါဝင်ပါတယ်။ ပထမ Channel (၄) ခု (DRQ0 to DRQ3) က 8-bit Bandwidth ရှိပေမဲ့ ကျန်တဲ့ Channel (4) ခု (DRQ4 to DRQ7) ကတော့ 16-bit Bandwidth ရှိပါတယ်။ Windows XP မှာ ဆိုရင်တော့ DMA Channel အနေနဲ့ က 0 မှ 7 အထိ Channel (၈) ခု ရှိပါတယ်။ DMA နဲ့ ပတ်သက်ပြီး သိထားရမှာ တစ်ခုက 286 ကနေစပြီး ယနေ့အထိ DMA နှစ်လုံး သုံးထားပါတယ်။

ဥပမာ အနေနဲ့ အောက်မှာ ဖေါ်ပြပေးထားတဲ့ DMA Channel တွေအကြောင်းကို လေ့လာနိုင်ပါတယ်။ No Specific Assignment ဆိုတာက တိတိကျကျ သတ်မှတ်ထားခြင်း မရှိဘူးလို့ ဆိုလိုတာပါ။
DRQ0 - The System Board (8-bit Transfer)
DRQ1 - No Specific Assignment, တစ်ခါတစ်ရံ Sound Cards, (သို့) SCSI Host Adapters တို့အတွက် အသုံးပြုတတ်ပါတယ်။  (8-bit Transfer)
DRQ2 - The Diskette Drives (8-bit Transfer)
DRQ3 - No Specific Assignment, တစ်ခါတစ်ရံ Sound Cards, Network Interface Cards (သို့) SCSI Host Adapters တို့အတွက် သုံးပါတယ်။ (8-bit Transfer)
DRQ4 - No Specific Assignment (16-bit Transfer)
DRQ5 - No Specific Assignment, တစ်ခါတစ်ရံ Sound Blaster Cards တွေမှာ ဒီ Channel ကို အသုံးပြုပါတယ်။ (16-bit Transfer)
DRQ6 - No Specific Assignment (16-bit Transfer)
DRQ7 - No Specific Assignment (16-bit Transfer)
 နောက်ထပ် ဥပမာ အနေနဲ့ DMA Channel နဲ့ သက်ဆိုင်တာလေးတွေကို ဖေါ်ပြပေးပါဦးမယ်။ တစ်ခါတစ်ရံ အောက်မှာ ဖေါ်ပြထားတဲ့အတိုင်း မြင်တွေ့နိုင်ပါတယ်။
    * DMA0 - free
    * DMA1 - (sound card)/ free
    * DMA2 - floppy disk controller
    * DMA3 - parallel port (printer port)
    * DMA4 - direct memory access (DMA) controller (connected to DMA0)
    * DMA5 - Same as DMA1
    * DMA6 - (SCSI)/ free
    * DMA7 - Available
 အခု လောလောဆယ်မှာတော့ အနည်းငယ် ရှုပ်ထွေးနေပါလိမ့်မယ်။ ပိုပြီး နားလည်သွားအောင် မိမိတို့ရဲ့ Computer အတွင်းမှာ ရှိနေတဲ့ DMA Channel တွေကို လေ့လာကြည့်ရအောင်နော်။ ဘယ်လိုသွားရမလဲဆိုတဲ့ လမ်းကြောင်းကိုလည်း ပြောပြပေးမယ်နော်။ Start>All Programs> Accessories>System Tools>System Information ကို သွားလို့ရသလို My Computer ကို Right Click နှိပ်ပြီး Properties ထဲဝင်ကာ Hardware Tab မှ တဆင့် Device Manager ထဲ ၀င်လို့ရပါတယ်။ အဲဒီ နောက် View ဆိုတဲ့ Tab လေးထဲမှာ ပါဝင်တဲ့ Resources by Type ကို ရွေးပြီး ကြည့်လို့ရပါတယ်။






နောက်ထပ် မှတ်သားရမှာတစ်ခုက DMA မှာလည်း ကန့်သက်ချက် ရှိပါတယ်။ DMA က ISA Bus မှာ စိုက်ထားတဲ့ Card တွေမှာပဲ အလုပ် လုပ်ဆောင်ပေးနိုင်ပါတယ်။ Speed အနေနဲ့တော့ အမြန်ဆုံး 8MHz ပဲ ရနိုင်ပါတယ်။ 8237 Chip လေးက Data တစ်ခါသယ်တိုင်း 8-bit ပဲ သယ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် Computer အသုံးပြုတဲ့အခါ နှေးနေတတ်ပါတယ်။ နောက်ပိုင်းမှာ မြန်ဆန်လာတဲ့ Modern Computer တွေကို တဖြည်းဖြည်းနဲ့ ထုတ်လုပ်လာကြတော့ 8237 Chip လေးကို မသုံးတော့ဘဲ DMA ကို အသုံးပြုနိုင်မယ့် လုပ်ငန်းစဉ် (Process) တစ်ခု  ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ အရာလေးကို Bus Mastering လို့ ခေါ်ပါတယ်။ Bus Mastering အကြောင်း လေ့လာချင်တယ်ဆိုရင်တော့ အဲဒီ ခေါင်းစဉ်နဲ့ သင်ခန်းစာလေးကို စောင့်မျှော် ဖတ်ရှုပါဦးနော်...။




























No comments:

Post a Comment