Sunday, December 9, 2018

Intel Celeron Processor အကြောင်း


Intel Celeron Processor ဟာ ဈေးနှုန်းသက်သာပြီး သာမန် userတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူဟာ Intel Processor တွေမှာ အလားတူ Intel Processor Brand တွေထက်ဈေးသက်သာတာကြောင့် အသုံးများနေရခြင်းပါ။ ဒါပေမဲ့  Intel Celeron Processor ဟာ Intel  CPU Processor တွေထက် Performance လျော့ပါတယ်။ သူတို့ ဟာ Cache Memory မှာနည်းနေပြီး တခြား အဆင့်မြင့် Features တွေကို အသုံးပြုလို့ မရပါဘူး။ ဒါကြောင့် လဲ Performance မှာအနည်းငယ်ထိခိုက်တာပါ။ ဒါပေမယ့်ဒါတွေက တော်ရုံတန်ရုံလုပ်ဆောင်မှု့ တွေဆိုမသိသာပါဘူး။ Celeron Processor တွေဟာ Low End ဈေးကွက်ကိုရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ Processor တွေဖြစ်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်လည်းနိမ့်ပြီး ဈေးကလည်းသက်သာနေရခြင်းဖြစ်ပါတယ်။ တော်ရုံတန်ရုံ စာရိုက်စာရင်း ဇယားဆွဲဆိုလို့ကတော့ Celeron သုံးရတာအဆင်ပြေမှာပါ။ ဒီထက်ပိုရင်တော့ သူက အဲ့ဒီအလုပ်တွေကို လုပ်နိုင်ဖို့သိပ်မလွယ်ပါဘူး။

Intel Celeron Processor တွေကို 1998 April မှာ စတင်မိတ်ဆက်ခဲ့ ပါတယ်။ ပထမဆုံး Intel Celeron CPU ဟာ Pentium II Brand ပေါ်မှာ အခြေခံပြီး စတင်ခဲ့ တာဖြစ်ပါတယ်။ နောက်ပိုင်း CPU တွေကတော့ Pentium III , Pentium 4, Pentium M နဲ့ Core 2 Duo Processor တွေပေါ်မှာ အခြေခံထားပါတယ်။ နောက်ဆုံးထွက်တဲ့  CPU Celeron ကတော့ Core 2 Duo ပေါ်မှာ အခြေပြုထားတာပါ။ ဒီ Design Feature ဟာ Independent Processing Cores ဖြစ်ပေမဲ့  Core 2 Duo Processor ကပေးတဲ့  Cache Memory ရဲ့ 25% ပဲပေးနိုင်ပါတယ်။
Intel Celeron Brand တွေမှာ processor number တွေကို 3-digit နဲ့ဖော်ပြပါတယ်။ Processor Type ပေါ်မူတည်ပြီး five character (ရှေ့မှာ alphabate နဲ့ 4 digit) ပုံစံနဲ့လည်း ဖော်ပြပါတယ်။ Highernumber ဖြစ်လာလေ processor ရဲ့ features တွေပိုပြီး များလာလေဖြစ်ပါတယ်။ Processor ရဲ့ featuresတွေကတော့ cache, clock speed, Front Side Busနဲ့Inteltechnology စတာတွေဖြစ်ပါတယ်။








Intel Wide Dynamic Execution - Execution speed နဲ့ efficiency မြင့်မားတဲ့အတွက် instructionအမြောက်အမြားကို ဆောင်ရွက်နိုင်ပါတယ်။ Processor core တစ်ခုစီဟာ Instruction 4ခုနဲ့အထက်တပြိုင်နက်တည်း ဆောင်ရွက်နိုင်ပါတယ်။
Intel Smart Memory Access - သုံးစွဲနိုင်တဲ့ data bandwidth မြင့်မားတာကြောင့် system
performance ကောင်းမွန်တာကိုတွေ့ရပါတယ်။
Intel Advanced Digital Media Boost - Steraming SIMD Extension (SSE) ကြောင့် video, audio, image, media boost, photo processing, multimedia, encryption, financial, engineering, scientific စတဲ့ broad application တွေကို အသုံးပြုနိုင်ပါတယ်။



















Intel 64 architecture - Intel 32-bit architech ကနေ 36-bit architecture ထိတိုးမြှင့်ထားတာကြောင့်processor ရဲ့ memory ပိုပြီးမြင့်လာပါတယ်။ Intel 64-bit architecture မှာ extended virtual & physical Memory ကို အသုံးပြုနိုင်ပါတယ်။
Execute Disable Bit - Operating System မှာ virus protection ကိုပါ ဆောင်ရွက်နိုင်ပါတယ်။ Execute Disable Bit maks memory ဟာ အလုပ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ processor ဟာ operating system မှာ error ပေါ်လာရင် ဖော်ပြပေးပါတယ်။ အကယ်၍ non-executable memory ထဲမှာ malicious code တွေ attampt လုပ်လာရင် system infected မဖြစ်အောင် ကာကွယ်တားဆီးပေးမှာဖြစ်ပါတယ်။
အခုနောက်ဆုံးပြောမှာကတော့  Intel Celeron Processor Family အကြောင်းပဲဖြစ်ပါတယ်။ သူ့  ဆီမှာပါဝင်တာတွေကတော့ 

Celeron 266 Mhz












Celeron 366 Mhz
 






















Celeron 1400 Mhz












Celeron ( Tualatin )
 





























Celeron 1600 Mhz













Celeron 2100 Mhz
 
































တို့ ဖြစ်ကြပါတယ်။ အောက်မှာ Intel Celeron Processor Family ရဲ့  လူသုံးများတဲ့  CPU Processor တွေ အကြောင်းအကျဉ်းဖော်ပြထားပါတယ်။

Celeron ( Covington )

သူက Covington Core ပေါ်မှာမူတည်ပြီးတည်ဆောက်ထားတဲ့  Celeron 266 ပဲဖြစ်ပါတယ်။ သူက L2 Cache မပါဝင်လို့  Performance နှေးပါတယ်။ ဒါပေမဲ့  သူက ဈေးသက်သာပြီး Front Side Bus Speed ကို 66Mhz ကနေ 100Mhz ပြောင်းလိုက်ရုဲံနဲ့CPU Overclocking မှာ 266 Mhz ကနေ 400 Mhz အထိလုပ်ပေးနိုင်လို့နာမည်ကြီးပါတယ်။

Celeron ( Mendocino )

PPGA Package ထဲမှာပါတဲ့  Intel Celeron Processors တွေဟာ Mendocino Core ပေါ်မှာ အခြေခံပြီးတည်ဆောက်ထားပါတယ်။ Mendocino Core ဟာ External Cache Chips မလိုဘဲ သေးငယ်ပြီးဈေးသက်သာတဲ့  Plastic Pin Grid Array ( PPGA ) Package တွေမှာ အသုံးပြုနိုင်ပါတယ်။ PPGA Package တွေနဲ့ တွဲပြီးအလုပ်လုပ်ဖို့  Intel က 370 Pin Socket ရှိတဲ့  Socket 370 ဒါမှမဟုတ် PGA 370 ကိုသုံးရပါတယ်။

Mobile Celeron Family မှာပါဝင်တာတွေကတော့
  1. Mendocino
  2. Tualatin -256
  3. Northwood-256
  4. Banias – 512
  5. Sheleton
  6. Dothan-1024
  7. Yonah
  8. Merom-L
  9. Merom-2M
  10. Penryn -3M
  11. Arrandale တို့ ပဲဖြစ်ပါတယ်။
အခုဆိုရင် CPU Processor နဲ့ ပတ်သက်ပြီး CPU Celeron ရဲ့  ဖြစ်ပေါ်လာပုံ ၊ စွမ်းဆောင်ရည် ၊အမျိုးအစားတွေကိုပြောပြပြီးပါပြီ။  အကျဉ်းချုပ်ပြောရရင် Intel Celeron Processor ဟာဈေးသက်သာပါတယ် တော်ရုံတန်ရုံ Application တွေမှာ သုံးဖို့ ဆို ဈေးနှုန်းသက်သာပြီး Performance ဟာတော်ရုံသင့်ရုံ အိမ်သုံ/ရုံးသုံး အနေနဲ့ဆို ရွေးချယ်သင့်တယ်လို့ ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်။

No comments:

Post a Comment