Sunday, December 9, 2018

eSATA အကြောင်းသိကောင်းစရာ


External Serial Advanced Technology Attachment လို့ ခေါ်တဲ့ ( eSATA ) သည် SATA Technology  နည်းပညာအတိုင်းပြုလုပ်ထားပြီး ၄င်း eSATA ကတော့ Solid State Drive တွေဖြစ်တဲ့ USB Drive တွေကဲ့ သို့ ပြင်ပကနေယူ  အသုံးပြုနိုင်ရန် ဖန်တီးပေးထားသော Interface တစ်ခု ဖြစ်တယ်။ External  Storage Devices အတွက်  Data တွေသယ်ဆောင်ရာမှာ အလွန်လျင်မြန်သော အမြန်နှုန်းနဲ့ သယ်ဆောင်ပေးနိုင်ပါတယ်။ 

























Hard Drives များအတွက်  Internal Bus Interface သည် SATA ထက် ပို၍ သုံးရအဆင်ပြေပြီး Older
Parallel Technology နည်းပညာနဲ့ ပြုလုပ်ထား တဲ့ PATA  ထက် ပို၍မြန်သော Speed  ကို ထောက်ပံ့ပေးသည်။ SATA Cables များမှာ PATA ထက်သေး၍ 3 Feet (1m)လောက် ရှည်တယ်။ Parallel Cables တွေကတော့ အရွယ်အစားကြီးမားပြီး 18 Inches ( 45.7cm ) လောက်ပဲရှည်ပါတယ် ။အောက်မှာတော့ IDE Cable နဲ့  SATA Cable ရဲ့ ပုံကိုပြထားပါတယ်။ 

    
















IDE Cable ပုံ
၎င်း IDE Cable ကို Parallerl ATA တွေမှာ  အသုံးပြုတာဖြစ်ပါတယ်။
 














SATA Cable  ပုံ

e SATA ကို သုံးမယ်ဆိုရင် SATA မှ Exterior Storage Solution များပါထောက်ပံ့နိုင်တယ် ။ e SATA ရဲ့ အမြန်နှုန်း Data Transfer Rateဟာ  USB  Drive တွေမြန်ပါတယ် ။ သူဟာ USB 2.0 နှင့် Fire Wire 400 တို့ရဲ့ ၃ ဆကိုရောက်တဲ့အခါအားနည်းချက်တစ်ခု ဖြစ်လာရပါတယ် ။ အဲဒါကတော့ e SATA ဟာ ယခင်ဖော်ပြခဲ့တဲ့Interface တွေနဲ့မတူဘဲသူ့အတွက်ကိုယ်ပိုင် Power Connector လိုအပ်ခြင်းပါဘဲ။ ဒါပေမယ့် ၎င်းဟာExternal Disk Storage အတွက်အကောင်းဆုံးသော ရွေးချယ်ခြင်းပါပဲ။ USB Fire Wire Interface တို့နှင့်နောက်ထပ် ကွဲပြားတာကတော့၊ Interface နှင့် Computer ကြားမှာ eSATA က Data တွေကိုTranslate လုပ်ပေးဖို့ မလိုပါဘူး။ ဒါကြောင့် Data Transfer ရဲ့ Speed ကို မြင့်မားစေပြီး Computer Processor Resources တွေလည်းချွေတာရာရောက်လာပါတယ်။ Extra Off-Load Chip လည်းမလိုတော့ဘူး။e SATA Connector မပါတဲ့ Desktop Motherboard တွေ အတွက် Peripheral Component Interconnect ( PCI ) Card ကို ၀ယ်ယူနိုင်ပြီး eSATA Interface အဖြစ်သုံးစွဲ၍ရနိုင်ပါတယ်။Notebooks တွေဟာ Laptop Model ကို အခြေခံ၍ ( PCMCIA ), ( PC Card ) or ( Express Card Slot)အတွက်ပြုလုပ်ထားသော ( External eSATA ) တစ်ခု ကို သုံးစွဲနိုင်ပါတယ်။ eSATA ကြောင့် External Disk Arrays များအတွက်မြန်ဆန်သော SATA Drives များကို သုံးနိုင်ပြီး Storage ပမာဏကိုတိုးမြှင့်ပေးရုံသာမကမြန်ဆန်၍အလွယ်တကူ ယူနိုင်သော Storageကိုလည်း
ရရှိနိုင်ပါတယ်။ eSATA ရဲ့Hot- Swappable Feature ကြောင့် Disk တွေကိုအလုပ်မှ အိမ်၊ Computer တစ်လုံးမှ တစ်လုံးအလွယ်တကူပြောင်းရွှေ့သယ်နိုင်တယ်။အုပ်ချုပ်ရေးရုံးများ၊ IT သမားများ၊ ကြော်ငြာနှင့် Marketing Executives များနှင့်Game ကစားသူများက၎င်းတို့ကို ကြိုက်နှစ်သက်ကြပါတယ်။ SATA မှာ မတူညီသော Standards များရှိပါတယ်။ Older Hardware မှလည်း Original Standard ကိုထောက်ပံ့ပေးထားပြီး SATA ပစ္စည်းအသစ် တစ်ခုပြီးတစ်ခု ထွက်လာတိုင်း Speed များလည်းတိုးမြှင့်လာပါတယ်။Original SATA ( SATA / 150 ) မှာ Data Transfer Speed 150 MB/ s. SATA II ကတော့ OriginalSATA ရဲ့ နှစ်ဆ 300 MB/ s ( or ) 3 GB/ s ဖြစ်ပါတယ်။ SATA II  ကို ( SATA / 300 )လို့လည်းခေါ်ပါတယ်။ 2007 မှာ SATA / 600 ကို ထုတ်လိမ့်မယ်လို့လည်းပြောနေကြတယ်။
e SATA ကို SATA Technologies တွေ အတွက်သုံးပါတယ်။ SATA ကို Hard Drives များအတွက် Internal Bus Interface ရဲ့ Next Generation အဖြစ် ယူဆထားကြပါတယ်။ ဒီ Technology ဟာယခင်သုံးစွဲသည့်အရာများထက် ချောမွေ့အဆင်ပြေပါတယ်။ ၎င်းမှ Serial Structural
Design ကိုသုံးပြီးတော့ Greater Transfer Speed ကို ထုတ်လုပ်ပေးပါတယ်။ ပိုပြီးအရွယ်အစားကြီးမာတဲ့
Parallel Cable တွေနဲ့မတူဘဲ SATA Cable တွေဟာသေးပြီး 3 Feet လောက်ရှည်ပါတယ်။ External
Storage Devices များထောက်ပံ့ရန် Data Transfer Technology ကို eSATA မှာတိုးချဲ့ထားတယ်။
eSATA ရဲ့ အားသာချက်ကတော့ Transferring Speed ကို Fire Wire 400 နှင့် USB
2.0 နှင့်နှိုင်းယှဉ်ကြည့်ရာတွင် ၎င်းတို့ထက် ( ၃ )ဆလောက် ပိုမြန်ပါတယ်။ Fire Wire နှင့် USB
နှင့်မတူတာကတော့ Interface နှင့် Computer Data တွေကို အပြန်အလှန် Transfer လုပ်မပေးပါ။ High
Speed Data Transfer ကိုရနိုင်ပြီး Computer အတွက် Processor Resources တွေကို
ချွေတာရာရောက်တယ်။ eSATA ရဲ့ Hot-Swappable Feature အရ Storage Drives တွေကို တစ်နေရာမှ တစ်နေရာပြောင်းပေးတယ်။e SATA External Disk Storage ကို သုံးမယ်ဆိုရင် eSATA Connector ရှိရမယ်။ မရှိရင် Bus Card တပ်ထားရမယ်။ ဒီနည်းအရ PC မှာ eSATA Interface ထည့်ပေးရမယ်။တနည်းအားဖြင့်၊ Notebook Computer ရှိမယ်ဆိုရင် Peripheral Component Interconnect ( PCI ) Card ကို သုံးနိုင်ပါတယ်။ ပြီးနောက် eSATA External Disk's Power Connector ကို Specific Power Source နှင့် ဆက်သွယ်ဖို့ လိုအပ်တယ်။ ဒါကြောင့် Computer မှ Files တွေကို External Disk သို့ Copy ကူးနိုင်တယ်။

No comments:

Post a Comment