Sunday, December 9, 2018

Hyper Threading မဟုတ်တဲ့ Hyper Transport အကြောင်း


Hyper Transport အား ယခင်ကတော့ Lighting Data Transport (LDT) ဟု လူသိများပြီး Serial/Parallel နှစ်မျိုးစလုံး လုပ်ဆောင်နိုင်ပါတယ်။ ထိုနည်းပညာဟာ Bandwidth မြင့်မားပြီး Low-Latency Point-to-Point Link လုပ်ထားသော စနစ်ပဲဖြစ်ပါတယ်။ Hyper Transport နည်းပညာဟာ ၂၀၀၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် စတင်ထွက်ပေါ်လာတာဖြစ်ပြီး နည်းပညာမြင့်မားကာ ပိုမိုအဆင့်မြင့်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ထိုနည်းပညာအား AMD နှင့် Transmeta တို့မှ ၎င်းတို့၏ x86 Processor များအတွင်း အသုံးပြုခဲ့ကြပါတယ်။ ထို့ပြင် Broadcom ၊ Raza Microelectronics နှင့် Loongson တို့မှ MIPS Processor များအတွင်း ပေါင်းစပ်အသုံးပြုခဲ့တာဖြစ်ပြီး AMD ၊ NVIDIA ၊ VIA နှင့် SiS တို့ကတော့ PC Chipset အနေဖြင့် အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ ထိုနည်းပညာဟာ စွမ်းဆောင်ရည်မြင့်မားပြီး Cisco System ကတော့ Router များအတွင်း ထိုနည်းပညာကို အသုံးပြုခဲ့ပါတယ်။
















ထို့ပြင် HP ၊ Sun Microsystems ၊ IBM နှင့် Flextronics တို့မှ Servers များတွင် အသုံးပြုထားကြောင်း ၎င်းဟာ စွမ်းဆောင်ရည်အမြင့်ဆုံးတွက်ချက်မှုစနစ်ကို ပေးစွမ်းနိုင်ကြောင်း သိရှိရပါတယ်။ မူလအစက ထို HyperTransport နည်းပညာအား Front-Side Bus (FSB) နေရာတွင် အစားထိုးအသုံးပြုရန် ပြင်ခဲ့ပြီးနောက်ပိုင်းမှာတော့ Machine တော်တော်များများတွင် ပေါင်းစပ်အသုံးပြုခဲ့ကြပါတယ်။ ယခင် PCI Express Bus စနစ်တွင် System တစ်ခုကို မြှင့်တင်စေရန်အတွက် FSB ဟာ အခြား Standard Bus များနှင့် ချိတ်ဆက်လုပ်ဆောင်ရပါတယ်။
 
















ဥပမာ AGP နှင့် PCI Express တို့ပဲ ဖြစ်ပါတယ်။ ၎င်းတို့တွင် သီးသန့် Controller Function များပါဝင်ပြီး အမည်မှာ Northbridge နှင့် Southbridge တို့ပဲ ဖြစ်ပါတယ်။ Hyper Transport ဟာ Multi-Company Consortium မှထုတ်လုပ်အသုံးပြုသော နည်းပညာတစ်မျိုးဖြစ်ပြီး Hyper Transport Adapter Chip တစ်လုံးဟာ Microprocessor နှင့်ဆက်သွယ်ကာ Function အများအပြားလုပ်ဆောင်နိုင်ပြီး Broadcom HT-1000 နှင့် HT-2000 Server များဟာ လုပ်ဆောင်ချက်အများအပြားကို ဆောင်ရွက်ပေးနိုင်ပါတယ်။
          ထို့နောက် AMD မှ HyperTransport အား (Opteron ၊ Athlon 64 ၊ Sempron 64 နှင့် Turion 64 Microprocessor တို့တွင်) FSB နေရာတွင် အစားထိုးအသုံးပြုခဲ့ပါတယ်။

No comments:

Post a Comment