Saturday, December 8, 2018

Active နှင့် Passive Heat Sink များအကြောင်း





Heat Sink ဆိုတာက ကွန်ပျူတာ Device တစ်ခုပါပဲ။ ကွန်ပျူတာတွေနှင့် တစ်ခြား Electronic ပစ္စည်းတွေမှာလည်း အပူကို သက်သာစေဖို့အတွက် သုံးနိုင်တာ ဖြစ်တယ်။ အခုကတော့ ကွန်ပျူတာမှာ အသုံးပြုသော Heat Sink အကြောင်းကိုပဲ ပြောမှာ ဖြစ်ပါတယ်။













 ကွန်ပျူတာမှာ အသုံးပြုသော CPU အတွက် အသုံးပြုရသော Device တစ်ခု ဖြစ်တယ်။ ကွန်ပျူတာ တစ်လုံးမှာဆိုရင် CPU ဟာ သိပ်ကို အလုပ်များပါတယ်။ ကွန်ပျူတာမှာ တွက်ချက်မှုဆိုင်ရာ မှန်သမျှကို ဒီ CPU တစ်ခုတည်းကပဲ လုပ်ဆောင်ပေးတာဆိုတော့ CPU အတွက် သိပ်ကိုအလုပ်များတယ်။ ဒါကြောင့် CPU ဟာ အဲ့သလိုမျိုး ကွန်ပျူတာရဲ့ တွက်ချက်မှုဆိုင်ရာတွေကို လုပ်ဆောင်ရတာဆိုတော့ အချိန်ကြာလာတာနဲ့အမျှ CPU ဟာ အလွန်ကို ပူလာတတ်ပါတယ်။ ကွန်ပျူတာ ပစ္စည်းတိုင်းဟာ အပူသည်တွေပါပဲ။ CPU ဆိုတာကလည်း အပူကြောက်သော Device တစ်ခုပဲလေ။ CPU ဟာ အပူများလာရင် အလုပ်လုပ်တာနှေးလာတတ်ပြီးတော့ အလွန်တရာအပူများလာရင် အမြန်ပျက်စီးတတ်ပါတယ်။ ဟိုးအရင်တုန်းက CPU တွေမှာဆိုရင် Heat Sink တွေ မပါတတ်ပါဘူး။ CPU ဟာ အပူတွေ အရမ်းများရင် ကြာရှည်မခံပါဘူး။ နည်းပညာတွေ တိုးတက်လာတဲ့အခါကျတော့ ပညာရှင်တွေက CPU ရဲ့ သက်တမ်းကို  တိုးမြင့်စေဖို့အတွက် Heat Sink တို့၊ CPU Fan တို့ကို ပူးတွဲထုတ်လုပ်လာကြပါတယ်။ အဲ့ဒီတော့ အခုနောက်ပိုင်း ထုတ်လုပ်လာကြသော CPU တွေမှာဆိုရင် အပူကို လျှော့ချပေးနိုင်ဖို့အတွက် Fan တွေ ပါလာတတ်ပါတယ်။ အဲ့ဒီ CPU ရဲ့ အပူကိုသက်သာစေတဲ့ Fan အပြင် အခုနောက်ပိုင်းမှာ ဆိုရင် Heat Sink တွေလည်း ပါလာကြပါပြီ။ အဲ့ဒီ Heat Sink ပေါ်မှာမှ CPU Cooling Fan က အပေါ်ကနေ တပ်ပြီးတော့ ပါလာတာ ဖြစ်တယ်။ အမှန်မှာ Heat Sink ဆိုတာက အပူစုပ်ထုတ်ယူတဲ့ ပစ္စည်းတစ်ခု ဖြစ်တယ်။


ကွန်ပျူတာ တွက်ချက်မှုပိုင်းဆိုင်ရာတွေကို CPU က လုပ်ဆောင်ပြီးတော့ အဲ့ဒီ CPU က ထွက်တဲ့ အပူတွေ၊ CPU ပေါ်က အပူတွေကို ဒီ Heat SinK က စုပ်ယူပေးတာ ဖြစ်တယ်။ ဒါက Heat Sink ရဲ့လုပ်ဆောင်ချက် တာဝန်ပဲဖြစ်တယ်။  ဒီတော့ Heat Sink ဆိုတာ CPU အတွက် အပူသက်သာစေဖို့အတွက် အပူတွေကို စုပ်ထုတ်ပေးသော အပူစုပ်ကိရိယာလေးပဲ ဖြစ်တယ်။  CPU ပေါ်မှာ Heat Sink က အပေါ်က ကပ်ပြီးတော့ တပ်ထားတာ ဖြစ်တယ်။ အဲ့ဒီ Heat Sink ရဲ့ အပေါ်က CPU Fan ကို အပေါ်က အုပ်ပြီးတော့ တပ်ဆင်ထားတာ ဖြစ်တယ်။ ဒီတော့ CPU ဆီက ထွက်တဲ့ အပူတွေကို Heat Sink က စုပ်ယူပြီးတော့ အဲ့ဒီ Heat Sink က အပူတွေကို တစ်ခါ CPU Fan ကနေပြီးတော့ အပူတွေကို လွှင့်ထုတ်ပစ်လိုက်တာ ဖြစ်တယ်။  ဒီတော့ ဒီ Heat Sink ရှိခြင်းအားဖြင့် CPU ရဲ့အပူကို သက်သာစေပြီးတော့ CPU ဟာ အလုပ်လုပ်တဲ့အခါမှာလည်း နှေးတာတို့၊ ဘာတို့မဖြစ်တော့သလို CPU ရဲ့သက်တမ်းကိုလည်း ကြာရှည်စေပါတယ်။ 

Heat Sink တွေကို ဖွဲ့စည်းထားတာကတော့ တကယ်ကို ရိုးရှင်းပါတယ်။ အဲ့ဒီ Heat Sink ကို Metal နှင့် ပြုလုပ်ထားတာ ဖြစ်တယ်။ အများအားဖြင့်တော့  Aluminium အလူမီနီယံ နှင့် လုပ်ကြတာ များတယ်။ အဲ့ဒီပေါ်မှာ Fin အလူမီနီယံချောင်းလေးတွေက အချောင်းလိုက် အချောင်းလိုက်လေးတွေ ပါပါတယ်။ အဲ့ဒီ အလူမီနီယံချောင်းလေးတွေကပဲ CPU Processor က အပူကို စွန့်ထုတ်ပေးတာဖြစ်ပြီး အဲ့ဒီ အလူမီနီယံချောင်းလေးတွေ ကြားထဲကပဲ Air Flow ဖြစ်ပြီးတော့ Processor ကို အေးစေတာ ဖြစ်တယ်။ Heat Sink က ကြီးပြီးတော့ အလူမီနီယံ Fin တွေကများလေ Heat Sink က ပိုပြီးတော့ အေးလေ ဖြစ်တယ်။ Heat Sink တွေဟာ ပုံမှန်အားဖြင့်တော့ Processor နှင့် တွဲတဲ့အခါမှာ ပုံစံနှစ်မျိုးနှင့် တွဲကပ်တာ ဖြစ်တယ်။ တစ်ချို့ Processor တွေမှာဆိုရင် CPU နှင့် Heat Sink မှာတိုက်ရိုက် တွဲကပ်ထားတာ ဖြစ်တယ်။ တစ်ချို့ CPU တွေမှာတော့ Heat Sink ကို Clip နှင့် တွဲကပ်ပေးရတာ ဖြစ်တယ်။ 















CPU Heat Sink မှာ အမျိုးအစားအားဖြင့် (၂)မျိုး ကွဲပြားပါတယ်။ Active Heat Sink နှင့် Passive Heat Sink ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီ Active Heat Sink နှင့် Passive Heat Sink မှာ မတူညီတာ တွေရှိပါတယ်။
          Active Heat Sink ကျတော့ Fan ပါတယ်။ Passive Heat Sink မှာကျတော့ Fan မပါပါဘူး။ တစ်ချို့တွေကတော့ Active Heat Sink က  Passive Heat Sink ထက် ပိုကောင်းတယ်လို့ ပြောကြပါတယ်။ Active Heat Sink က Fan ပါတာဆိုတော့ Passive Heat Sink ထက် ပိုအေးတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တကယ့် Hardware ပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းကြီးတွေ၊ ကုမ္ပဏီကြီးတွေဟာဆိုရင် Passive Heat Sink တွေကို ပိုပြီးတော့ အသုံးပြုများကြပါတယ်။ တကယ့် High-End Machines တွေမှာတောင်မှ Active Heat Sink ကို မသုံးပဲနှင့် Passive Heat Sink ကိုပဲ သုံးကြတာ များပါတယ်။ ဘာလို့လဲဆိုတော့ ပြောတော့သာ Active Heat Sink က Fan ပါလို့ ပိုကောင်းတယ်လို့ ထင်ကြပေမယ့် တကယ်တမ်း Passive Heat Sink က ပိုကောင်းတယ်၊ CPU ကို ပိုပြီးတော့ အေးစေတဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။ 
          Active Heat Sink ဟာ တကယ်တော့ ဒီ Passive Heat Sink ကို ထပ်မံချဲ့ထွင် ထုတ်လုပ်လာခဲ့တာပဲ ဖြစ်တယ်။ Active Heat Sink မှာ Fan ပါတဲ့ အတွက်ကြောင့် တနည်းအားဖြင့် Acitve Heat Sink ကို CPU Fan ဟုလည်း ခေါ်ပါတယ်။ Active Heat Sink နှင့် Passive Heat Sink မှာ ဖွဲ့စည်း ထုတ်လုပ်ထားသော ပုံစံကတော့ အတူတူပါပဲ။ နှစ်ခုစလုံးမှာ CPU က အပူတွေကို စုပ်ထုတ်ပေးနိုင်သော Metal Fin လေးတွေနှင့် လုပ်ထားတာပဲ ဖြစ်တယ်။ တစ်ချို့တွေကျတော့ Active Heat Sink ဟာ Passive Heat Sink လောက် မကောင်းဘူးလို့ ပြောကြတယ်။ မကောင်းတာတော့ မဟုတ်ပါဘူး။ Active Heat Sink မှာ  Fan ပါတဲ့ အတွက်ကြောင့် ဖြစ်တတ်တဲ့အကြောင်းအရာလေးတွေတော့ရှိပါတယ်။
















• Active Heat Sink မှာပါတဲ့ Fan ဟာ မတော်တဆ Motherboard ပေါ်မှာ ရှိနေသော Power ကြိုးတွေနှင့် ငြိပြီးတော့ Fan ညပ်ပြီး ကျိုးကျတာတွေ ဘာတွေဖြစ်တတ်တယ်။
• Fan ပါတဲ့အတွက်ကြောင့်မို့ ဈေးလည်းကြီးတယ်။ Active Heat Sink က  Fan ပါတော့ Passive Heat Sink ထက်ပိုပြီးတော့ ဈေးကြီးပါတယ်။
• နောက်ပြီးတော့ Fan မပါတဲ့ Heat Sink ဟာ Fan ပါတဲ့ Heat Sink ထက် ပိုပြီးတော့ ကြာရှည်အသုံးပြုခံပါတယ်။
 Passive Heat Sink မှာတော့ Fan မပါပါဘူး။ ဒါပေမယ့် Fan မပါဘူး ဆိုပေမယ့် မကောင်းဘူးလို့ ပြောလို့မရပါဘူး။ ကွန်ပျူတာမှာ အသုံးပြုသော Power Supply Fan ကလည်းပဲ Heat Sink ကို လုံလောက်သော Air Flow ဖြစ်ဖို့အတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။
• Passive Heat Sink မှာ Fan မပါတဲ့အတွက်ကြောင့် ဈေးလည်းသက်သာတယ်။
• နောက်ပြီး Active Heat Sink လို Fan ညပ်တာတို့ ဘာတို့မဖြစ်တော့ဘူးပေါ့။
• Passive Heat Sink မှာ Fan မပါဘူး ဆိုပေမယ့် Power Supply Fan ကလည်း ဒီ Passive Heat Sink ကို Air Flow ဖြစ်စေပါတယ်။
 ကဲ ဒီတော့ ကွန်ပျူတာရဲ့ တွက်ချက်မှုပိုင်းဆိုင်ရာတွေကို လုပ်ဆောင်ပေးရသော Processor ဟာ အလွန်ကို အပူများပါတယ်။ အဲ့ဒီအပူတွေကို စွန့်ထုတ်ပေးနိုင်သော၊ သက်သာစေနိုင်အောင် လုပ်ပေးနိုင်တဲ့အရာက Heat Sink ပဲ ဖြစ်တယ်ဆိုတာ သိမယ်နော်။ Heat Sink မှာ အမျိုးအစား (၂)မျိုး ရှိတယ်။ Active Heat Sink နှင့် Passive Heat Sink တို့ဖြစ်တယ်။ သူတို့ နှစ်ခုဟာ ဘယ်လိုမျိုးကွာဟမှုရှိတယ် Fan ပါရင်ဘယ်လို၊ Fan မပါပေမယ့်လည်း ဘယ်လိုမျိုး  အကျိုးရှိတယ်ဆိုတာ သိမယ်နော်။ အဲ့ဒီတော့ ကိုယ်က အသုံးပြုဖို့ ၀ယ်တော့မယ်ဆိုရင် ဘယ်ဟာကို ရွေးပြီးဝယ်သင့်သလဲ ဆိုတာကို စဉ်းစားပါ။ အဲ့ဒီတော့ ဒီလောက်နဲ့ပဲ Heat Sink အကြောင်းကို အဆုံးသတ်လိုက်ပါတယ်။

အကျိုးရှိတယ်ဆိုတာ သိမယ်နော်။ အဲ့ဒီတော့ ကိုယ်က အသုံးပြုဖို့ ၀ယ်တော့မယ်ဆိုရင် ဘယ်ဟာကို ရွေးပြီးဝယ်သင့်သလဲ ဆိုတာကို စဉ်းစားပါ။ အဲ့ဒီတော့ ဒီလောက်နဲ့ပဲ Heat Sink အကြောင်းကို အဆုံးသတ်လိုက်ပါတယ်။


No comments:

Post a Comment