Sunday, December 9, 2018

Hyper Transport အကြောင်းသိကောင်းစရာ









Hyper Transport အား ယခင်ကတော့ Lighting Data Transport (LDT) ဟု လူသိများပြီး Serial/Parallel နှစ်မျိုးစလုံး လုပ်ဆောင်နိုင်ပါတယ်။ ထိုနည်းပညာဟာ Bandwidth မြင့်မားပြီး Low-Latency Point-to-Point Link လုပ်ထားသော စနစ်ပဲဖြစ်ပါတယ်။ Hyper Transport နည်းပညာဟာ ၂၀၀၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် AMD ( Advanced Micro Devices )ကစတင်ထွက်ပေါ်လာတာဖြစ်ပြီး PCI တွေရဲ့  ပုံမှန်ဆောင်ရွက်နိုင်စွမ်းထက်နည်းပညာမြင့်မားကာ ပိုမိုအဆင့်မြင့်စွာလုပ်ဆောင်နိုင်ပါတယ်။
Nodes တွေရဲ့  Session တိုင်းမှာ သူက Point to Point Link ဆိုတဲ့  တိုက်ရိုက်ဆက်သွယ်မှု ပေးပါတယ်။ အဲဒီ Link တွေဟာ 2 bits ကနေစပြီး 32 bits အထိကျယ်ပြန့် နိုင်ပြီး အမြန်ဆုံး 6.4 Gbps ( Giga Bits Per Second ) အထိ Data တွေသယ်ယူပို့  ဆောင်ပေးနိုင်ပါတယ်။ 


















HyperTransport နည်းပညာဟာ  Removable Drives တွေဖြစ်တဲ့  External Device တွေ ဆက်သွယ်ဖို့ အတွက်မဟုတ်ပဲ computer ရဲ့ internal အစိတ်အပိုင်းတွေကို ဆက်သွယ်ပေးဖို့  အတွက်သာ အဓိကရည်ရွယ်ပြီး design ရေးဆွဲထားတာပါ။ MotherBoard ပေါ်က Bridge Chips တွေကို အဆင့်မြှင့်ခြင်းဖြင့် PCI  Devices တွေဟာ Hyper Transport Bus ကိုအသုံးပြုနိုင်လာပါတယ်။ မူလအစက ထို HyperTransport နည်းပညာအား Front-Side Bus (FSB) နေရာတွင် အစားထိုးအသုံးပြုရန်ပြင်ခဲ့ပြီးနောက်ပိုင်းမှာတော့ Machine တော်တော်များများတွင် ပေါင်းစပ်အသုံးပြုခဲ့ကြပါတယ်။ ယခင် PCIExpress Bus စနစ်တွင် System တစ်ခုကိုမြှင့်တင်စေရန်အတွက် FSB ဟာ အခြား Standard Bus များနှင့် ချိတ်ဆက်လုပ်ဆောင်ရပါတယ်။ ဥပမာ AGP နှင့်PCI Express တို့ပဲ ဖြစ်ပါတယ်။ ၎င်းတို့တွင် သီးသန့် Controller Function များပါဝင်ပြီး အမည်မှာ Northbridge နှင့် Southbridge တို့ပဲ ဖြစ်ပါတယ်။  AMD မှ HyperTransport အား (Opteron ၊ Athlon 64 ၊ Sempron 64 နှင့် Turion 64Microprocessor တို့မှာ ) FSB နေရာတွင် အစားထိုးအသုံးပြုခဲ့ပါတယ်။


သူ့ ကို AMD နှင့် Transmeta တို့မှ ၎င်းတို့၏ x86 Processor များအတွင်း အသုံးပြုခဲ့ကြပါတယ်။ Broadcom ၊ Raza Microelectronics နှင့် Loongson တို့မှ MIPS Processor များအတွင်း ပေါင်းစပ်အသုံးပြုခဲ့တာဖြစ်ပြီး AMD ၊ NVIDIA ၊ VIA နှင့် SiS တို့ကတော့ PC Chipset အနေဖြင့် အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ Cisco System ကတော့ Router များအတွင်း ဒီစွမ်းဆောင်ရည် မြင့်မားတဲ့ နည်းပညာကို အသုံးပြုခဲ့ပါတယ်။
ဒါ့ အပြင်တွေ့ ရှိချက်တွေအရဆိုရင် HP ၊ Sun Microsystems ၊ IBM နှင့် Flextronics တို့မှ Servers များတွင် အသုံးပြုထားကြောင်း ၎င်းဟာ စွမ်းဆောင်ရည်အမြင့်ဆုံးတွက်ချက်မှုစနစ်ကို ပေးစွမ်းနိုင်ကြောင်း လို့ လည်းသိရှိရပါတယ်။ Hyper Transport Adapter Chip တစ်လုံးဟာ Microprocessor နှင့်ဆက်သွယ်ကာFunction အများအပြားလုပ်ဆောင်နိုင်ပြီး Broadcom HT-1000 နှင့် HT-2000 Server များဟာလုပ်ဆောင်ချက်အများအပြားကို ဆောင်ရွက်ပေးနိုင်ပါတယ်။

Intel ဟာ (3GIO) Third Generation Input Out ဆိုပြီး HyperTransport ကို PCI တွေနေရာမှာလုံးဝအစားထိုးသုံးနိုင်မယ်လို့ တင်ပြထားပါတယ်။ Intel ရဲ့  3GIO မှာပါဝင်မဲ့  စွမ်းရည်တွေကတော့ 
(1) Data Speed ကို 10 GHzနဲ့ အထက် ရနိုင်မယ်။
(2) I/O နည်းပညာဟာသေချာစနစ်တကျ အစီစဉ်ကျမယ်။
(3) Point to Point တိုက်ရိုက် Line ချိတ်ဆက်မှု့ ရမယ်။
(4) Pin  အရည်အတွက်နည်းသွားမယ်။
Intel ရဲ့ တင်ပြချက်ဟာ အားရမျှော်လင့်စရာအပြည့်ပါ။ HyperTransport ဟာ PCIနည်းပညာကို လုံးဝဖုံးလွှမ်းနိုင်၊မနိုင်ကတော့  စောင့်ကြည့်ရမှာပါ။
 

No comments:

Post a Comment