Tuesday, October 9, 2018

DHCP ပြဿနာများ



DHCP ဆိုတဲ့ Dynamic Host Configuration Protocol ကတော့ Network သမားတိုင်းမသိတဲ့ သူမရှိဘူးလို့ပြောရမှာပါပဲ။ သူက IP Address တွေကို Automatically ချပေးနိုင်တဲ့ကောင်ပေါ့။ ဟုတ်ပါပြီ။ ဒီကောင်တွေက မသုံးမဖြစ်သုံးနေရတာဆိုတော့ ဒီကောင်တွေရဲ့ ပြဿနာတွေကလည်း အမြဲကြုံတွေ့နေ ရမှာပဲလေ။ ဒါကြောင့် သင်တို့အတွက်ကို အမြဲစဉ်းစားပေးနေတဲ့ ကျွန်တော်က DHCP Server မှာဖြစ်တတ်တဲ့ ပြဿနာတွေရယ်၊ ဘယ်လို Troubleshoot လုပ်ရမယ်ဆိုတာကို ပြောပြပါ့မယ်။ Step by Step ပြောပြသွားမှာဆိုတော့ စိတ်ရှည်လက်ရှည် ဖတ်ကြည့်ပါဦး။

(၁) Client မှာဘယ်လို Configuration လုပ်ထားလဲစစ်ကြည့်ပါ။
Client ဆီမှာ Connection လွတ်သွားရင်သော်လည်းကောင်း၊ Client အသစ်အတွက် Configuration ချကာစမှာသော်လည်းကောင်း၊ DHCP Failure ဆိုပြီး ပေါ်လာတတ်ပါတယ်။ ဒါဆိုရင်တော့ Client ကပဲဖြစ်သလား၊ ဘယ်နေရာကဖြစ်သလဲဆိုတာကို အရင်စဉ်းစားဖို့ လိုပါတယ်။ ဒီတော့ DHCP ရဲ့ IP ချတာကိုရရဲ့လားကြည့်ရအောင်။ ကြည့်နည်းကတော့ လွယ်ပါတယ်။ Command Prompt ထဲမှာ IPconfig /all ဆိုပြီး ထည့်ကြည့်ပေါ့။ အဲဒီမှာ DHCP Enabled လည်းဖြစ်နေမယ်၊ IP Address လည်း ကျနေတယ်ဆိုရင်တော့ ဒါကောင်းပါတယ်။























နောက်တစ်မျိုးကတော့ Task Menu ပေါ်မှာပေါ်နေတဲ့ Network Connection လေးပေါ်မှာ Click နှိပ်ရင်အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်။






အဲဒီကမှ Support ဆိုတဲ့ Tab မှာသွားကြည့်ကြည့်။ 







































Address Type မှာ "Assigned by DHCP" ဖြစ်နေရင်တော့ ဒါဟာ DHCP Server နဲ့ကောင်းကောင်း Network မိနေပါတယ်။ ဟိုလိုမျိုး DHCP Failure ဆိုတဲ့ Warning msg လည်း ပေါ်စရာမလိုပါဘူး။
ဒီလိုမျိုး Setting တွေမှန်ကန်နေရင်းနဲ့မှ Error Warning တွေတက်လာတယ်ဆိုရင်တော့ ဒါဟာ Local Client ကဖြစ်တာမဟုတ်တော့ပါဘူး။

(၂) Address Conflict ဖြစ်ခြင်း
တကယ်လို့ IP Address တစ်ခုတည်းကို ကွန်ပျူတာနှစ်လုံးမှာ ပြိုင်တူချလိုက်မိတယ်ဆိုရင် Address Conflict Error ဖြစ်တတ်ပါတယ်။ အဲဒီ Error ကိုတော့ System Tray နားမှာ ပြပါလိမ့်မယ်။ ဒါဆိုဘာကြောင့် DHCP သုံးထားရဲ့သားနဲ့ Address တူတူတွေချပေးကုန်တာလဲ။ ဒါဟာ DHCP Server တွေ Compete ဖြစ်ရင် (သို့မဟုတ်) DHCP Scope အပြောင်းအလဲရှိရင် ဖြစ်တတ်ပါတယ်။ DHCP Server Compete ဖြစ်တာကိုတော့ Windows Support Tool တစ်ခုဖြစ်တဲ့ Dhcploc.exe နဲ့ စစ်ဆေးလို့ရပါတယ်။ အဲဒါနဲ့ Check လုပ်ကြည့်လို့ Compete ဖြစ်နေတဲ့ DHCP Server ကို တွေ့တဲ့အခါကျရင် Remove လုပ်လိုက်ပေါ့။ ဒါဆိုရင် အဆင်ပြေနိုင်ပါတယ်။







အဲ..DHCP Scope Change ပြီးမှဖြစ်တာဆိုရင်တော့ Conflict Error တက်နေတဲ့ Client ဘက်မှာ IP Address ကို Renew ပြန်လုပ်ကြည့်ပေါ့။ Renew လုပ်တာကတော့ လွယ်ပါတယ်။ Command Prompt ထဲမှာ "ipconfig /renew"ဆိုပြီး Run ပေးလိုက်ပါ။

 












(၃) DHCP Address မရရှိခြင်း
သင် Connection မရလို့ ipconfig /all ခေါ်ကြည့်လိုက်တဲ့အခါ DHCP ကနေ IP မရဘဲ APIPA (သို့) Alternate Configuration ကဟာပဲ ရနေတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ Command Prompt ထဲမှာ "ipconfig / renew" ပြန်လုပ်ရင်လုပ် (သို့မဟုတ်) Connection Status ရဲ့ Repair Button ကိုနှိပ်ပြီး Repair ပြန်လုပ်ကြည့်ပါ။

























ဒီလိုလုပ်တာလဲပြန်မကောင်းဘူးဆိုရင်တော့ DHCP Server ရယ်၊ Scope ရယ်ကို စစ်ဆေးကြည့်ရ ပါတော့မယ်။ Server ထဲမှာသင်ချထားတဲ့ Configuration တွေမှန်ကန်ရဲ့လား စစ်ဆေးပါ။ ဘာတွေစစ် တာလဲလို့မေးရင်တော့ Server ကို Fully Installed မှ လုပ်ထားရဲ့လား၊ သေချာ Configure ချထားလား၊ Scope ဆောက်ထားရဲ့လား၊ Authorized ကောလုပ်ထားရဲ့လားစတာတွေပေါ့။
တကယ်လို့ Scope ကို စစ်ဆေးမယ်ဆိုရင်တော့ Scope က Active ဖြစ်ရဲ့လား၊ Scope ထဲက Liease တွေကို Assign ချပေးထားတာရော မှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးရပါမယ်။

(၄) တခြား Scope က Address ရနေခြင်း
DHCP ကနေ IP Address က ရတော့ရနေပါရဲ့။ သို့သော် ကိုယ်ကျစေချင်တဲ့ Scope ကမကျဘဲ၊ တစ်ခြား Scope ကနေကျနေတယ်လား။ ဒါဆိုရင် အရင်ဆုံးစစ်ဆေးသင့်တာကတော့ Network ထဲမှာ Compete ဖြစ်နေတဲ့ Server တွေများရှိသလားစစ်ဆေးရမှာပါပဲ။ ဒါဆို စစ်ချင်ရင်တော့ (၂)အချက်တုန်းက ကျွန်တော်ပြောခဲ့သလို Dhcploc.exe နဲ့သာစစ်ကြည့်ပါ။ ရှိရင်တော့ Remove လုပ်ပစ်ပေါ့လေ။
ကဲ....မရှိဘူးဗျာဆိုရင်တော့ရှိသမျှ DHCP Server အားလုံးထဲက Scope တွေများထပ်နေသလား ကြည့်ကြည့်ပါတော့။

ဟုတ်ပါပြီခင်ဗျာ။ ဒီအချက်ကတော့ DHCP Server ကို Troubleshoot လုပ်တဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
စိတ်ကျေနပ်နိုင်ကြပါစေဗျာ။
 





All in one PC


            All in one pc ဆိုတာ Desktop ကွန်ပျူတာ တစ်မျိုးပါပဲ။ ဒါပေမယ့် တစ်ခြား Desktop ကွန်ပျူတာတွေနဲ့တော့ မတူပါဘူး။ ဒီ All in one pc ကတော့ ရိုးရိုး Desktop တွေလိုမျိုး System ပုံးကသတ်သတ်၊ Monitor ကသတ်သတ်စီ မဟုတ်ပါဘူး။ Monitor မှာပဲ အားလုံးကို ပေါင်းစပ်ထားတာ ဖြစ်တယ်။ All in one ဆိုတော့ အားလုံးကို ပစ္စည်းတစ်ခုတည်းပေါ်မှာပဲ ပေါင်းစပ်ထားတယ် ဆိုပြီးတော့ အဓိပ္ပာယ်ရပါတယ်။ ဥပမာပြောရရင် ကွန်ပျူတာထဲမှာ CPU ကို ပေါင်းစပ်ထားသလိုပဲ ဖြစ်တယ်။ ကြည့်လိုက်ရင် Monitor ရယ်၊ Keyboard ရယ်၊ Mouse ရယ်ပဲတွေ့ရတယ်။ System ဆိုပြီးတော့ သတ်သတ်စီရှိနေတာမျိုး မဟုတ်ပါဘူး။          
           Monitor ထဲမှာပဲ အားလုံးတပ်ဆင်ထားတာ ဖြစ်တယ်။ ဒီအတွက် နေရာစားလည်း သက်သာသွားစေပါတယ်။ Mouse ကလည်း တစ်ခြား PC ကွန်ပျုတာတွေမှာလို System ပုံးမှာ တပ်ထားတာ မဟုတ်ဘူး။ keyboard မှာ တပ်ထားတာ ဖြစ်တယ်။ နောက်ပြီး CD Rom တွေဟာလည်း Monitor ထဲမှာ တွဲပါတတ်တယ်။ တစ်ချို့ ကွန်ပျူတာတွေမှာတော့ CD Rom ဟာ Keyboard ထဲမှာ ရှိတတ်တယ်။ တစ်ချို့ All in one PC ကွန်ပျူတာတွေမှာတော့ Keyboard တို့၊ Mouse တို့ကို တပ်ဆင်ဖို့ရန်အတွက် Wire ကြိုးတွေ လိုတယ်။ Model နိမ့်တဲ့ All in one PC ကွန်ပျူတာတွေမှာပဲ ဒီလို Keyboard, Mouse တပ်ဆင်ဖို့အတွက် Wire ကြိုးတစ်ကြိုး လိုတယ်။ အားလုံးပေါင်း Wire ကြိုး နှစ်ကြိုးပါတတ်တယ်။ ဒါပေမယ့် လုံးဝ High-end ဖြစ်တဲ့ Model မြင့်တဲ့ All in one PC ကွန်ပျူတာတွေမှာဆိုရင် Power ယူဖို့ wire ကြိုးတစ်ကြိုးပဲပါတာ ဖြစ်တယ်။ ဒါကြောင့်လည်း All in one PC လို့ခေါ်တာ ဖြစ်တယ်။
ဥပမာနေနဲ့ ပြောရရင် Wire ကြိုးတစ်ကြိုးသာပါသော All in one PC ကွန်ပျူတာ ထုတ်လုပ်ခဲ့သော ကုမ္ပဏီတစ်ခုရှိတယ်။ Dell ကွန်ပျူတာကုမ္ပဏီက Wire ကြိုးတစ်ကြိုးတည်းသာပါသော All in one PC ကွန်ပျူတာကို ထုတ်လုပ်ခဲ့ပါတယ်။ Studio One 19 ဆိုတဲ့ All in one PC ပဲ ဖြစ်တယ်။ အဲ့ဒီ ကွန်ပျူတာဟာဆိုရင် Keyboard, Mouse တပ်ဆင်ဖို့အတွက်တောင်မှ Wire ကြိုးမလိုပါဘူး။ ကွန်ပျူတာကို Power ပေးဖို့ရန်အတွက်ပဲ Power ကြိုးတစ်ကြိုးတည်းပါတာဖြစ်တယ်။ ကြိုးတွေများပြီးတော့ ရှုပ်တာမျိုး မဖြစ်တော့ဘူး။ Dell က ထုတ်လုပ်လိုက်သော Studio One 19 All in one PC ကို  ၂၀၀၉ ခုနှစ်၊ မတ်လ၊ ၁၃ ရက်နေ့ မှာ ထုတ်လုပ်ခဲ့တာ ဖြစ်တယ်။ Studio One 19 All in one PC ကွန်ပျူတာသည် ၁၈ လက်မခွဲလောက် ရှိတယ်။ သူက Multi-Touch Screen လည်း ဖြစ်တယ်။
          All in one PC တွေဟာ အမှန်တကယ်ကိုပဲ တစ်ခြား Desktop ကွန်ပျူတာတွေထက် ပိုပြီးတော့ Portable ဖြစ်ပါတယ်။ သယ်ယူရ လွယ်ကူပါတယ်။ ရွေ့ပြောင်းရ လွယ်ကူတယ်။ Monitor တစ်ခုတည်း မှာပဲ များစွာသော Device တွေကို Integrated ပူးတွဲပြီးတော့ ပြုလုပ်ထားတာ ဖြစ်တယ်။ ၄င်း All in one PC ကွန်ပျူတာတွေကို အလွယ်တကူ ဖြုတ်ယူ သယ်ဆောင်သွားပြီးတော့ တစ်ခြားတစ်နေရာမှာ အလွယ်တကူအသုံးပြုလို့ရနိုင်တယ်။ Portable ဖြစ်ပါတယ်။
          All In One PC ကွန်ပျူတာတွေမှာ အားသာချက်တွေ ရှိတယ်။ All in one ဖြစ်တဲ့အတွက် နေရာစားသက်သာတယ်။ Power Consumption လည်း သက်သာတယ်။ ပေါ့ပါးမှုလည်း ရှိတယ်။ ရွေ့ပြောင်းရတာလည်း လွယ်ကူတယ်။ သယ်ယူရလည်း လွယ်ကူမှုရှိတယ်။ ချပ်ချပ်ရပ်ရပ်နဲ့ သပ်သပ် ရပ်ရပ်ရှိတယ်။ Upgrade လုပ်ရတာလည်း လွယ်ကူမှုရှိပါတယ်။ Modernize လည်း ဖြစ်တယ်။
          Apple ကုမ္ပဏီကဆိုရင် များစွာသော All in one PC ကွန်ပျူတာတွေကို ထုတ်လုပ်ခဲ့ပါတယ်။ Apple က ထုတ်လုပ်သော All in one PC တွေဟာ လူကြိုက်များတယ်။ ပေါ်ပြူလာလည်း ဖြစ်ပါတယ်။ Apple က ၁၉၈၀ ခုနှစ်အလယ်လောက်က ထုတ်လုပ်ခဲ့သော Macintosh ကွန်ပျူတာ၊ ၁၉၉၀ ခုနှစ်နှောင်းပိုင်း နှင့် ၂၀၀၀ ခုနှစ်တွေ မှာထုတ်လုပ်ခဲ့သော iMac ကွန်ပျူတာတို့မှာ All in one PC ကွန်ပျူတာတွေပဲ ဖြစ်တယ်။ ဟိုးအရင်က ထုတ်လုပ်ခဲ့ကြသော အချို့ 8 Bit ရှိသော ကွန်ပျူတာ တွေရှိတယ်။ Commodore PET 2001 သို့မဟုတ် Kaypro II တို့လို ကွန်ပျူတာတွေပါ။ ၄င်းတို့ဟာလည်း All in one PC ကွန်ပျူတာတွေပဲ ဖြစ်တယ်။
          All in one PC Desktop ကွန်ပျူတာ တွေဟာ Laptop ကွန်ပျူတာတွေလိုပဲ ကျန်တဲ့ Hardware ပစ္စည်းတွေကို Monitor ရဲ့နောက်ဘက် အတွင်းပိုင်းမှာ ထားပြီးတော့ တပ်ဆင်ထားတာ ဖြစ်တယ်။ ၂၀၀၂ ခုနှစ်လောက်တုန်းကဆိုရင် Apple က ထုတ်လုပ်ခဲ့သော iMac line ကွန်ပျူတာတွေမှာ CPU နှင့် တစ်ခြား အတွင်းပိုင်းဆိုင်ရာ Internal Hardware ပစ္စည်းတွေကိုကြီးကြီးသေးသေးပစ္စည်းအားလုံးကို နေရာအခက် အခဲကြောင့် Motherboard ပေါ်မှာပဲ တပ်ဆင် ပြုလုပ်ထားကြတာကိုတွေ့ရပါတယ်။ ဒီလောက်ဆို All in one PC ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာကို နားလည်လောက် ပြီလို့ထင်ပါတယ်။ ဒီတော့ ဒီလောက်နဲ့ပဲ All in one PC အကြောင်းရေးတာကို အပြီးသတ်လိုက်ပါတယ်။

Monday, October 8, 2018

Branded Computer သုံးကြရအောင်


ယနေ့ခေတ်ကြီးမှာ ကွန်ပျူတာဆိုတဲ့ Electronic Device တစ်ခုကို အနည်းဆုံး ကြားဖူးနားဝ မြင်ဖူးတွေ့ဖူး အဆင့်လောက်တော့ လူတိုင်းလူတိုင်း ရှိနေကြမယ်လို့ ထင်ပါတယ်။ ကွန်ပျူတာဟာ ယနေ့ခေတ်ကြီးမှာ လူတိုင်းလူတိုင်းအတွက် မရှိမဖြစ် ပစ္စည်းတစ်ခုလို့ ပြောလို့တော့ မရနိုင်သေး ပေမယ့် လူတိုင်းလူတိုင်း အတွက် လုပ်ငန်းဆောင်တာ အများကြီးကို တာဝန်ယူ ဖြေရှင်းလုပ်ဆောင် ပေးနိုင်တယ် ဆိုတာတော့ ငြင်းလို့ရနိုင်ကြမယ် မထင်ပါဘူး။ Entertainment တစ်ခုအနေနဲ့ Game တွေ ကစားမလား၊ Movie တွေကြည့်မလား၊ သီချင်းတွေနားထောင်မလား ဒါမှမဟုတ် Photo Album တစ်ခုအနေနဲ့ ကိုယ့်ရဲ့Photo တွေ၊ ကိုယ့်မိသားစု ကိုယ့်သူငယ်ချင်း ကိုယ်ချစ်ရတဲ့သူတွေရဲ့Photo တွေကို ထည့်သွင်း သိမ်းဆည်းထား ပြီး ကြည့်ချင်တဲ့အချိန်မှာ ကြိုက်တဲ့ပုံလေးတွေကို မြန်မြန်ဆန်ဆန် စိတ်ကြိုက်ရွေးချယ်ပြီး ကြည့်မလား။ ဒါ့အပြင် အဲဒီပုံလေး တွေကို ကိုယ့်စိတ်ကြိုက် စမ်းသပ်ပြုပြင်မွမ်းမံကြည့်ဦးမလား။ ကွန်ပျူတာ တစ်လုံးရှိနေရင် ဒါတွေအား လုံးက လွယ်လွယ်လေးပါ။ အဲဒါတွေကြောင့် နောက်ပိုင်းမှာ ကွန်ပျူတာတွေ ဟာ အိမ်တော်တော် များများရဲ့ ဧည့်ခန်းတွေမှာ ဖျော်ဖြေရေးပစ္စည်းတစ်ခုအဖြစ် နေရာယူလာနိုင်ကြတာပဲ ဖြစ်ပါတယ်။
        ဖျော်ဖြေရေးအတွက်ပဲလား ရုံးတွေ၊ ရုံးလုပ်ငန်းတွေမှာရော။ ဟာ...ဘာပြောကောင်းမလဲ။ စာရွက်စာတမ်းနဲ့ လုပ်ရမယ့်ကိစ္စ တော်တော်များများ အားလုံးနီးပါးကို ကွန်ပျူတာတွေနဲ့ ပိုမိုလွယ်ကူ အဆင်ပြေစွာ အစားထိုးဆောင်ရွက်နိုင်နေကြပြီလေ။ ရုံးလုပ်ငန်းတွေမှာ ကွန်ပျူတာတွေရဲ့ အရေးပါ အဆင်ပြေမှုကတော့ များပြားလွန်းလှလို့ အရှည်ရေး မပြတော့ပါဘူး။ ဘယ်လိုလုပ်ငန်းမျိုးမှာပဲဖြစ်စေ ကွန်ပျူတာနဲ့ ကင်းဝေးတဲ့ လုပ်ငန်းမျိုးမရှိတော့သလောက်ကို ကွန်ပျူတာ တွေဟာ နေရာလုပ်ငန်းပေါင်းစုံမှာ မြန်မြန်ဆန်ဆန်ဝင်ရောက် နေရာယူလာကြပါပြီ။ ကွန်ပျူတာတွေကို အဲဒီိလို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လာကြတာနဲ့အမျှ ကိုယ်ရဲ့လုပ်ငန်းမှာ အဆင်ပြေမယ့် ကိုယ့်ရဲ့အိမ်မှာ ဖျော်ဖြေမှုရသတွေအပြည့်အ၀ ပေးစွမ်းနိုင်မယ့် ကွန်ပျူတာတစ်လုံးကို ရွေးချယ်ဝယ်ယူဖို့ဆိုတဲ့ ကိစ္စဟာ လည်း အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ ကွန်ပျူတာတစ်လုံး ၀ယ်ယူတော့မယ်ဆိုရင် အဲဒီကွန်ပျူတာဟာ ကိုယ့်ရဲ့ လိုအပ်ချက် တွေနဲ့ ကိုက်ညီဖို့ လုံးဝအရေးကြီးပါတယ်။ ကွန်ပျူတာတစ်လုံးရဲ့တန်ဖိုးဟာလည်း မနည်းလှပါဘူး။ ကိုယ့်ရဲ့ ရွေးချယ် ၀ယ်ယူမှုဟာ အမှန်ကန်ဆုံး မဟုတ်ခဲ့ဘူးဆိုရင် အဲဒါကို သိတဲ့ အချိန်ဟာ စိတ်အဆင်းရဲရဆုံး အချိန်ပါပဲ။ ဒီတော့ ကျွန်တော်တို့ ဘယ်လိုကွန်ပျူတာမျိုးတွေကို ရွေးချယ်ဝယ်ယူကြမလဲ။ ကွန်ပျူတာ ၀ယ်တော့မယ်၊ ကိုယ်ဟာ ကွန်ပျူတာ အသုံးပြုသူတစ်ယောက် ဖြစ်လာတော့မယ်ဆိုရင် အရင်ဆုံး စဉ်းစားသင့်တာ၊ သိသင့်တာတစ်ချက် ရှိပါတယ်။ ကွန်ပျူတာတွေကို ဖွဲ့စည်းတည်ဆောက်ပုံကို ကြည့်ပြီး နှစ်မျိုးနှစ်စား ခွဲနိုင်ပါတယ်။ (Desktop PC များအတွက်သာ ရည်ညွှန်းပါတယ်။ ပြောရမယ်ဆိုရင် Micro Computer တွေအတွက်ပါပဲ။ Super Computer တို့ Mainframe တို့ Mini Computer တို့ကို မရည်ရွယ်ပါဘူး။) အဲဒီနှစ်မျိုးကတော့ Branded Computers နဲ့ Clone Computer  တွေ ဆိုပြီးတော့ပါ။ အဲဒီ အသုံးအနှုန်းတွေကို ရင်းနှီးပြီးသား လူတွေရှိသလို မရင်းနှီးသေးတဲ့လူများအတွက်လည်း ရှင်းပြပေးပါမယ်။ Branded Computer ဆိုတာကတော့ Computer ရဲ့ System Unit တစ်ခုလုံးအတွင်းမှာ တပ်ဆင်ထားတဲ့ Motherboard တွေ၊ Memory Card တွေ၊ Hard Disk တွေ၊ Graphics Card တွေ ယုတ်စွ အဆုံး Casing တွေ Cooling Materials တွေကအစ အားလုံးကို Company တစ်ခုတည်းက မူပိုင်ဒီဇိုင်းထုတ်ပြီး တပ်ဆင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီ System Unit အတွင်းမှာပါတဲ့ ပစ္စည်းတွေအားလုံးကို သူတစ်ယောက်တည်း မထုတ်လုပ်နိုင်ဘူးဆိုရင်တောင် မထုတ်လုပ်နိုင်တဲ့ ပစ္စည်းအမျိုးအစားကို (ဥပမာ CPU ပဲ ထားပါတော့) အဲဒီအမျိုးအစား ထုတ်လုပ်တဲ့နာမည်ကြီး Company တွေကနေ စိတ်ကြိုက်လိုချင်တဲ့(ဒီဇို်င်းနဲ့ အဆင်ပြေ ကိုက်ညီမယ့် စွမ်းဆောင်ရည်မျိုးပေါ့။) ပုံစံမျိုးကို မှာယူပြီးမှ ထည့်သွင်း တပ်ဆင်ထားတာပါ။ Brand Name တွေ အများကြီးရှိပါတယ်။ Dell တို့ HP တို့ Compaq တို့ Fujitsu တို့ Apple တို့တွေကတော့ နာမည်ကြီးပါတယ်။ Branded Computer တွေဟာ Performance ပိုင်းမှာ လှည့်ကြည့်စရာ မလိုလောက်အောင် စိတ်ချရပါတယ်။ ဈေးနှုန်းပိုင်းအရမှာလည်း ပိုမိုမြင့်မားပါ တယ်။
       Clone PC တွေကတော့ ၀ယ်ယူသူတွေကိုယ်တိုင် ဒါမှမဟုတ် ကွန်ပျူတာအကြောင်းကို သေသေချာချာ နားလည်ကျွမ်းကျင်တဲ့ သူတွေက သက်ဆိုင်ရာ ပစ္စည်းအစိတ်အပိုင်းတစ်ခုချင်းစီကို ကြိုက်နှစ်သက်ရာ တံဆိပ်တစ်ခုချင်းစီကနေ စိတ်တိုင်းကျ ရွေးချယ် ၀ယ်ယူပြီး တပ်ဆင်ထားတာ ဖြစ်ပါတယ်။ Clone PC တွေဟာ ဈေးနှုန်းပိုင်းမှာ သက်သာတာကလွဲပြီး Branded PC တွေကို ဘယ်နေရာမှာမှ မယှဉ်ပြိုင်နိုင်ပါဘူး။ Performance ပိုင်းမှာဆိုရင်လည်း Model ပုံစံချင်းတူရင်တောင် (ဥပမာ Dual Core Processor ချင်းတူတူတပ်ထားတယ် ဆိုရင်တောင်) Branded PC တွေဟာ Clone PC တွေထက် ပိုမို မြန်ဆန်စွာ လုပ်ငန်းဆောင်တာတွေ လုပ်ပေးနိုင်တာကို ထင်ရှားသိသာစွာ တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုရင်တော့ Model No.ချင်း၊ တံဆိပ်ချင်း တူရင်တောင်မှ (Intel Dual Core ချင်းတူတူဆိုရင်တောင်) Branded PC တွေမှာ တပ်ဆင်ထားတဲ့ အစိတ်အပိုင်းတွေဟာ သက်ဆိုင်ရာ ထုတ်လုပ်တဲ့ Company တွေက အထူး Special Order အတွက် Special ထုတ်လုပ်ထားတာ ဖြစ်လို့ပါ။ ဒါကြောင့် Branded PC တွေဟာ သူ့ထက် Model ပိုမြင့်တဲ့ Clone PC တွေကိုတောင် Performance ပိုင်းမှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် Branded PC တွေဟာ Clone PC တွေထက် အချိန်ပိုမို ကြာမြင့်စွာ လုပ်ငန်းဆောင်တာတွေကို တောက်လျှောက် မရပ်မနားဘဲ လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။
 Branded PC တွေမှာ အချိန်အကြာကြီး အလုပ်တွေ တောက်လျှောက်ခိုင်းထားလို့ Hang သွားတယ်ဆိုတာ မရှိသလောက် အရမ်းရှားပါတယ်။ ဒါကြောင့် Performance ပိုင်းနဲ့ ပတ်သက်လာရင် Branded PC တွေဟာ စိတ်အချရဆုံးနဲ့ အရွေးချယ်သင့်ဆုံးပါပဲ။
         Branded PC တွေမှာ အားသာချက်က ဒီတစ်ခုပဲလား။ ဘယ်ဟုတ်မလဲဗျာ။ Service ပိုင်းမှာလည်း အားသာချက်တွေ ရှိပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Branded PC တွေဟာ သက်ဆိုင်ရာ Company တစ်ခုတည်းက သီးသန့် သေသေချာချာ ဒီဇိုင်းထုတ် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီသက်ဆိုင်ရာ Company တွေကလည်း သူတို့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေအပေါ်မှာ အပြည့်အ၀ တာဝန်ယူကြပါတယ်။ Branded PC ထုတ်လုပ်ရောင်းချတဲ့ Company တိုင်းဟာ သူတို့ရဲ့ သက်ဆိုင်ရာ Branded PC တွေအတွက် ပြဿနာ တစ်စုံတစ်ရာပေါ်လာရင် အချိန်မရွေး ဖြေရှင်းပေးနိုင်အောင်လို့ စီစဉ်ဆောင်ရွက်ပေးထားကြပါတယ်။ ဒါ့အပြင် အခြားလုပ်ငန်းရှင် အသေးစားလေးများနဲ့ ပူးပေါင်းပြီး ASP(Authorized Service Provider) လို ရောင်းလဲရောင်းချ ပြဿနာရှိရင်လဲ ဖြေရှင်းပေးနိုင်တဲ့ နေရာလေးတွေကိုလည်း ဖွင့်လှစ်စီစဉ်ပေးထားကြပါတယ်။ ဒီလိုအချိန်ပြည့်Service ၀န်ဆောင်မှုဟာ Clone PC တွေမှာ မရရှိနိုင်ပါဘူး။ Branded PC တစ်လုံးအနေနဲ့ Clone PCအပေါ်မှာ အပြတ်အသက် အသာစီးရကြတာဟာ ဒီအချက်ကြောင့်လည်း ပါပါတယ်။
            ဒါကြောင့် ဈေးနှုန်းသက်သာမှုကိုပဲကြည့်ပြီး Clone PC တွေကိုဝယ်၊ ပြီးတော့သုံးကြည့်ရင်းနဲ့ မှ အဆင်မပြေတာ (Graphics များတဲ့ Game တွေကို ထိုင်ဆော့နေရင်း တော်တော်လေးကြာတော့ Hang သွားတာမျိုး) ဒါမှမဟုတ် ကိုယ့်ရဲ့လိုအပ်ချက်ကို ပြည့်မီအောင် မစွမ်းဆောင်ပေးနိုင်တာ ( Software တစ်ခု၊ သူရဲ့ Requirements ကကိုယ့်ရဲ့စက်နဲ့နိုင်ပါတယ်ဆိုပြီးသွင်းလိုက်တာ၊ သွင်းပြီး သုံးကြည့်တော့မှ ထစ်ထစ် ထစ်ထစ်ဖြစ်ပြီး သုံးလို့ လုံးဝ အဆင်မပြေတာမျိုး) စတာတွေနဲ့ ကြုံတော့မှ စိတ်ဆင်းရဲရတာမျိုး မကြုံတွေ့ချင်ရင်တော့ Branded PC ကိုသာ သုံးကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ ပြဿနာ အခက်အခဲမျိုးတွေကတော့ Branded PC တွေမှာ လုံးဝကြုံတွေ့နိုင်စရာ မရှိဘူးဆိုတာလည်း စိတ်ချလက်ချ ယုံကြည်နိုင်ပါတယ်။ ဈေးကွက်ထဲမှာ အသက်သာဆုံး ဖြစ်တဲ့ Branded PC တစ်လုံးဟာ သူ့ထက် Model တစ်ဆင့်နှစ်ဆင့်လောက်မြင့်တဲ့ Clone PC တွေကို အေးအေးဆေးဆေး စိတ်ချလက်ချ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေတာကြောင့် ကိုယ့်ရဲ့ငွေကြေးတတ်နိုင်မှုနဲ့ ကိုယ့်ရဲ့လိုအပ်ချက်ပေါ်မှာ လိုသလို တွက်ဆနှိုင်းချိန်ပြီး ဖြစ်နိုင်ရင် Branded PC တွေကိုသာ သုံးကြည့်ကြပါလို့ တိုက်တွန်း အကြံပြုလိုက် ပါတယ်။