Tuesday, December 11, 2018

Drive တွေအတွက် Right Click menu ထဲတွင် Defragment ထည့်သွင်းခြင်း

အခုပြောပြမယ့်အကြောင်းအရာလေးကတော့ Drive တွေအတွက် Defragment လုပ်တဲ့အခါမှာ ပုံမှန်အရ ဆိုရင်အဆင့်တွေအများကြီး သွားရပါတယ်။ အဲဒီလိုအဆင့်တွေအများကြီးမသွားတော့ပဲ ၎င်း Drive ကို Right Click နှိပ်လိုက်တာနဲ့ Defragment ဆိုတာကိုပေါ်အောင် ပြုလုပ်လို့ရပါတယ်။ အခုပြောပြမှာက အဲဒီအကြောင်းအရာကိုပြောပြမှာပါ။ 

 
အခုပြောပြမယ့် အကြောင်းအရာကတော့ Drive တွေ အတွက်




Drive ရဲ့ Right Click ကိုနှိပ်လိုက်ရင် Defragment ဆိုတာပေါ်အောင် ထည့်သွင်းဖို့က Add Defrag To Drive Menu Registry Hack ကို Download ဆွဲပြီး သူ့ကို Run ပေးလိုက်လို့ရသလို ၊ မိမိဘာသာ Manual အရ Registry တဲမှာသွားလုပ်လို့လည်းရပါတယ်။ အရင်ဆုံး manual လုပ်တာကိုပြောကြရအောင်။ Start > Run box > မှာ regedit လို့ရိုက်ထည့်ပါ။ ပြီးရင် Ok နှိပ်ပါ။ 















Registry Editor box ကျလာတဲ့အခါမှာ


          " HKEY - CLASSES -ROOT \ Drive \ Shell " လမ်းကြေင်းအတိုင်းသွားပါ။ လွယ်ပါတယ်ဗျာ..... HKEY - CLASSES -ROOT ကိုဖြန့်ချလိုက်ပြီး ၎င်းအောက်ကတစ်ခုခုပေါ်ကို Select မှတ်ပြီး " D " လို့ရိုက်ပြီးရှာ " Drive "ဆိုတာတွေ့လိမ့်မယ်။ " Drive " ကိုတွေတဲ့အခါ ၎င်းကိုဖြန့်ချလိုက်ရင် Shell ဆိုတာကိုတွေ့ပါလိမ့်မယ်။

















တစ်ခါ Shell ကိုဖြန့်ချလိုက်ပါ။ runas ကို တွေ့ပါလိမ့်မယ်။ runas အောက်က Command ထိရောက်အောင်သွားပါ။ ပြီးရင် ၎င်းကို Right Click နှိပ်ပြီး New > Key ကို နှိပ်ပါ။


















၎င်းနောက် New Key ရဲ့ ညာဘက်က Default ဆိုတာပေါ်ကို Right Click နှိပ်ပြီး modify ကို နှိပ်ပါ။















Edit string  မှာ " defrag % 1 - V " လို့ရိုက်ထည့်ပြီး Ok နှိပ်ပါ။ 






ဒါဆိုရင် Drive တစ်ခုခုပေါ်ကို Right Click နှိပ်လိုက်တာနဲ့ Defragment ဆိုတာပေါ်နေလိမ့်ပါမယ်။













Registry Hack ကို download လုပ်ပြီး Run မယ်ဆိုရင်လည်း Defrag Add Defrag To Drive Menu Registry Hack ကို Internet ကနေ Download ဆွဲပြီး သူ့ကို Run ပေးလိုက်ရုံပါပဲ။







Direct X နဲ့ Video Cards


ဟိုးရှေးရှေးတုန်းကပေါ့..(ကျွန်တော်ပုံပြောမလို့ မဟုတ်ဘူးနော်) ဟိုးရှေးရှေးတုန်းကပေါ့ ပေါ်လာသမျှ Application အတော်များများက အလုပ်လုပ်တဲ့အခါကျရင် ကြားခံမရှိဘဲ PC Hardware ပိုင်းနဲ့ တိုက်ရိုက်ချိတ်ပြီး အလုပ်လုပ်ကြတာ များတယ်လေ။ ဒီတော့ ဘာဖြစ်လာသလဲဆိုရင် အဲဒီ Application ကို ကောင်းကောင်းမွန်မွန်မရေးထားတာနဲ့ ကွန်ပျူတာကြီးလည်း ကြွသွားတာပေါ့။ အဲဒီမှာတင် Microsoft က အကြံထုတ်တော့တာပဲ။ သူတို့က ဘာကိုစဉ်းစားသလဲဆိုရင် ကွန်ပျူတာမှာရှိသမျှ Hardware အကုန်လုံးကို Windows ကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ထည့်ထားလိုက်ရင် ကောင်းမယ်ပေါ့။ ဒါပေမယ့် အဲဒီမှာတင် ပြဿနာစတော့တာပဲ။ ဒီအကြံဥာဏ်ကို Programmer တွေက ပယ်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ရှိသမျှ Hardware ကို Windows က ထိန်းချုပ်ဖို့ဆိုရင် Program တွေ အများကြီး၊ အများကြီး ထပ်ရေးထည့်ရတော့မယ်လေ။ ပြီးတော့ စက်ကြီးကလည်း အရမ်းလေးသွားမယ်လေ။ ဒါကြောင့် Microsoft ကရှိသမျှ Hardware တွေကို အကုန်ထိန်းချုပ်ဖို့ မကြိုးစားတော့ဘဲ Game လိုမျိုး Program တွေအတွက်သာ Hardware နဲ့တိုက်ရိုက်ချိတ်ဆက်နိုင်အောင်လုပ်ဖို့ပဲ ကြိုးစားပါတော့တယ်။ အဲဒီလိုလုပ်နိုင်ဖို့အတွက် Protocol တစ်ခုပေါ်လာပါတယ်။ Direct X လို့ အမည်ရပါတယ်။  

            Programmers တော်တော်များများက ဒီ Direct X ကို သုံးပြီးတော့ Hardware ကို ထိန်းချုပ်ကြတယ်။ Hardware နဲ့အဆက်အသွယ် ပြုလုပ်ကြတယ်။ Direct X က ကျွန်တော်တို့ ယနေ့အသုံးပြုနေတဲ့ Game တော်တော်များများအတွက် လိုအပ်တဲ့ အမြန်နှုန်းကို ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် Direct X ရဲ့ အဓိကဦးတည်ချက်ကို ပြောပါဆိုရင် Windows ကြီးကနေ 3 D Game တွေ Run ပေးနိုင်အောင် Support လုပ်ပေးတာပဲလို့ ပြောလို့ရပါတယ်။ ဒီတော့ သင်တို့က ပြောပါမယ်။ အရင်က Direct X မရှိတုန်းကကျတော့ 3 D Game တွေကို Run လို့မရလို့လားပေါ့။ အဓိက ဆိုလိုရင်းက အဲဒီလိုမဟုတ်ပါဘူး။ အဲဒီအချိန်အခါတုန်းက API အတွက် အပြိုင်အဆိုင် ကြိုးပမ်းကြတဲ့အထဲမှာ Microsoft မပါရသေးတော့၊ သူလည်း ၀င်ပါချင်တယ်လေ။ ဒါကြောင့် Direct X ကို ထွင်ခဲ့တာပါပဲ။ နောက်တစ်ခုက Hardware တွေကိုလည်း တိုက်ရိုက် Access ရမယ်၊ Windows ထဲမှာလည်း 3 D Application နဲ့ Game တွေ Run ပေးနိုင်မယ့် 100% Stable ဖြစ်တဲ့ Environment ရဖို့အတွက် Direct X ကို ထွင်ခဲ့တာပဲ ဖြစ်ပါတယ်။

            Direct X က ကျွန်တော်တို့တွေ ရုပ်ထွက်ကောင်းကောင်းမြင်ရရုံ အလုပ်လုပ်ပေးတာ မဟုတ်ပါဘူး။ Sound ၊ Network Connection ၊ Input Devices စတဲ့ PC တစ်လုံးရဲ့ တစ်ခြားအစိတ်အပိုင်းတွေကိုပါ အထောက်အပံ့ပေးနိုင်ပါသေးတယ်။ အဲဒီလို PC အစိတ်အပိုင်း အမျိုးမျိုးကို ထောက်ပံ့ပေးမယ့် Direct X ကို နာမည်အမျိုးမျိုးခေါ်ဝေါ်ကြတယ်လေ။ Direct Draw ၊ Direct 3 D ၊ Direct Sound စသဖြင့်ပေါ့။ တစ်မျိုးခြင်းစီရဲ့ အကြောင်းကို ကျွန်တော် အကြမ်းဖျင်းတော့ ပြောပြလို့ရတယ်ဗျ။

(၁)        Direct Draw-2 D Graphics တွေအတွက် Hardware ကို တိုက်ရိုက် Access လုပ်နိုင်အောင် ကူညီပေးတယ်။

(၂)        Direct 3 D- ဒီကောင်ကျတော့ Direct X ရဲ့ အရေးအကြီးဆုံးအပိုင်းလို့ ပြောရင် ရတယ်။ 3 D Graphics အတွက် Hardware ကိုတိုက်ရိုက် Access ရအောင် Support လုပ်ပေးတယ်လေ။

(၃)        Direct Input-ဒါကျတော့ တစ်မျိုးဗျ။ Joystick လိုမျိုး Game Controller တွေအတွက် Hardware တွေကို Direct Access ရစေနိုင်ပါတယ်။

(၄)        Direct Sound-Sound ဆိုတဲ့အတိုင်း Game/Application တွေကနေ ထွက်လာမယ့် Waveform များအတွက် Hardware ဆီကို Direct Access ပေးဖို့ သုံးပါတယ်။

(၅)        Direct Music- တစ်ခါတစ်လေကျရင် MIDI Device တွေ အသုံးပြုဖို့ လိုလာတတ်ပါတယ်။ အဲဒီအခါကျရင် သူက Hardware နဲ့တိုက်ရိုက် Access ပေးရတဲ့အလုပ်လုပ်တဲ့ကောင်ပါ။

(၆)        Direct Play- Network ပေါ်ကနေ လူအများကြီး ကစားရတဲ့ Multiplayer Game တွေဆိုရင် Network Devices တွေဆီ Direct Access လုပ်ဖို့ရာ Direct Play လိုအပ်ပါတယ် ခင်ဗျာ။

(၇)        Direct Show- ဒါကတော့ Direct ကြီးကို Show တော့တာပါပဲ။ အဲ...မဟုတ်ပါဘူး။ Video နဲ့ Presentation Device တွေ လိုအပ်ပါတယ်လို့ ပြောချင်တာပါ။

            ဒီလိုအမျိုးမျိုးရှိပေမယ့် Game အားလုံးနီးပါးလောက်က Direct X လိုအပ်ပြီး Video Card အားလုံးနီးပါးလောက်က Direct X ကို Support လုပ်ပေးနိုင်မယ့် Driver တွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ PC ပေါ်မှာ ထည့်ထားတဲ့ Direct X ကြီး ကောင်းကောင်း အလုပ်လုပ်လား၊ မလုပ်လားကို သေချာစစ်ဆေးဖို့  လိုအပ်တာပေါ့။

            ဘယ်လိုလုပ်ရမှာလဲလို့ သင်စဉ်းစားနေပြီ မဟုတ်လား။ စိတ်မပူပါနဲ့ဗျာ။ သင်တို့အတွက် ကျွန်တော်အမြဲအသင့်ရှိပါတယ်။ (စားဖို့ဆိုလည်း ကျွန်တော့်ပါးစပ်က အဆင်သင့်ပဲဗျ..ဟဲ.ဟဲ)။ Direct X ကောင်း၊ မကောင်းစစ်ဖို့ရာအတွက်

(၁) Window Key နဲ့ R Key နဲ့တွဲနှိပ်လိုက်ပါ။

(၂) ပေါ်လာတဲ့ Run Box မှာ Dialog လို့ရိုက်ထည့်ပါ။

(၃)ဒါဆိုရင် Direct X Diagnostic Tool ဆိုတဲ့ Window ပေါ်လာပါလိမ့်မယ်။




အဲဒီ Windows ကနေတစ်ဆင့် ကျွန်တော်အပေါ်မှာတုန်းကပြောပြခဲ့တဲ့ အမျိုးမျိုးသော Direct X များကို စစ်ဆေးကြည့်လို့ရနိုင်မှာ အသေအချာပါပဲခင်ဗျာ။























Direct Memory Access (DMA) ဆိုတာ



System Resources ထဲမှာ ပါဝင်တဲ့ Direct Memory Access (DMA) ဆိုတာက Direct ဆိုတဲ့အတိုင်း တိုက်ရိုက် အလုပ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ သုံးစွဲသူ တစ်ဦးဦးက မိမိ အသုံးပြုနေတဲ့ Computer မှာ လုပ်ဆောင်စေချင်တဲ့ အရာတစ်ခုခု ညွှန်ကြားလိုက်တယ် ဆိုပါတော့။ အဲဒီ ညွှန်ကြားချက်က CPU ဆီ ရောက်သွားပြီး မိမိ လုပ်ဆောင်စေချင်တဲံ အရာကို Output အနေနဲ့ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ အဲ...လုပ်ငန်းက တစ်ခုတည်းဆိုရင်တော့ CPU အတွက်အလုပ်မှ မရှုပ်ဘဲ အဆင်ပြေတာပေါ့နော်။ တကယ်လို့ လုပ်ဆောင်စရာ လုပ်ငန်းစဉ်တွေ များနေရင်လေ

CPU က လုပ်စရာတွေများနေတော့ မနိုင်တော့ဘဲ ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ CPU က လုပ်ငန်းစဉ်တွေ မပြီးတဲ့အတွက် စောင့်ဆိုင်းရတဲ့အချိန်တွေ ကြာလာပါတယ်။ ဒီတော့ လုပ်ဆောင်မှုတွေ နှေးလာတော့တာပေါ့။

            ဒီလိုအခြေအနေမျိုးမှာ တိုက်ရိုက်လုပ်ဆောင်မှု DMA လိုလာပြီပေါ့။ သူ့ရဲ့  အဓိက လုပ်ဆောင်မှုက အလုပ်ရှုပ်နေတဲ့ CPU ကို ဒုက္ခမပေးတော့ဘဲ မိမိကိုယ်တိုင် Memory ဆီ တိုက်ရိုက်သွားပြီး လိုအပ်တဲ့ Data အချက်အလက်တွေကို လှမ်းတောင်းယူတဲ့ သဘောတရားပါ။ ဒီတော့ သူက CPU ကို လုံးဝ အားမကိုးတော့ဘူးလေ။ လုပ်ဆောင်စရာ တစ်ခုခုရှိနေတဲ့အခါ လိုအပ်တဲ့ အချက်အလက်တွေကို  ယခင်ကကဲ့သို့  CPU မှ တဆင့် Memory ဆီ သွားရောက်တောင်းယူခြင်းမျိုး မဟုတ်ဘဲ CPU ရဲ့ အကူအညီ မယူတော့ဘဲ Memory ထံ တိုက်ရိုက်သွားရောက်ပြီး Data အချက်အလက်တွေ ရယူခြင်းပါ။ ဒီတော့ CPU အငယ်စားလေးလို့ ပြောလို့ ရပါတယ်။  Disk Drive Controllers, Graphic Cards, Nerwork Cards နဲ့ Sound Cards စတဲ့ Hardware Systems အများစုက DMA  ကို အသုံးပြုကြပါတယ်။ အမျုားအားဖြင့် DMA ကို Local Memory နဲ့ Main Memory တို့အကြား Data တွေ သယ်ဆောင်ရာမှာ အသုံးပြုပါတယ်။










ဒီတော့ DMA ကို  Data တွေ တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ရာမှာ CPU ဆီသွားနေဖို့ မလိုဘဲ Memory ဆီ တိုက်ရိုက်သွားပြီး လုပ်ဆောင်မှုပြုတဲ့နေရာမှာ အသုံးပြုပါတယ်။ ဒီတော့ CPU ကို စောင့်ဆိုင်းနေဖို့ အချိန်မလိုတော့တဲ့အတွက် အလုပ်လုပ်ဆောင်တဲ့  အချိန်ပိုမို မြန်ဆန်လာတာပေါ့။ DMA Chip လေးကတော့ 8237 ဆိုတဲ့ Chip လေးပါပဲ။ ဒီတော့  IBM (International Business Machine) ကုမ္ပဏီက DMA နဲ့ သက်ဆိုင်တာတွေ အားလုံးကို 8237 Chip ထဲမှာ ထည့်ပေးထားတာပါ။ CPU အလုပ်ရှုပ်နေတဲ့အချိန်မှာ CPU က External Data Bus ကို အသုံးမပြုသေးတဲ့အတွက် DMA Chip လေးက အဲဒီ External Data Bus ကို အသုံးပြုပြီး Data တွေ ပို့ပါတယ်။ 8237 Chip လေးရဲ့ တစ်ဖက်မှာ CPU ကို Wire တစ်ခုနဲ့ ဆက်သွယ်ထားပြီး နောက်တစ်ဖက်က Wire (၄) ခု ထွက်နေပါလိမ့်မယ်။ အဲဒီ Wire လေးခုကို DRQ 0 မှ DRQ 3 (သို့) DMA Channel လို့ ခေါ်ဆိုကြပါတယ်။ ISA (Industry Standard Architecture) Slot နဲ့ ချိတ်ဆက်ထားပါသေးတယ်။
            PC (Personal Computer) တစ်လုံးမှာ DMA Channels (၈)ခု ပါဝင်ပါတယ်။ ပထမ Channel (၄) ခု (DRQ0 to DRQ3) က 8-bit Bandwidth ရှိပေမဲ့ ကျန်တဲ့ Channel (4) ခု (DRQ4 to DRQ7) ကတော့ 16-bit Bandwidth ရှိပါတယ်။ Windows XP မှာ ဆိုရင်တော့ DMA Channel အနေနဲ့ က 0 မှ 7 အထိ Channel (၈) ခု ရှိပါတယ်။ DMA နဲ့ ပတ်သက်ပြီး သိထားရမှာ တစ်ခုက 286 ကနေစပြီး ယနေ့အထိ DMA နှစ်လုံး သုံးထားပါတယ်။

ဥပမာ အနေနဲ့ အောက်မှာ ဖေါ်ပြပေးထားတဲ့ DMA Channel တွေအကြောင်းကို လေ့လာနိုင်ပါတယ်။ No Specific Assignment ဆိုတာက တိတိကျကျ သတ်မှတ်ထားခြင်း မရှိဘူးလို့ ဆိုလိုတာပါ။
DRQ0 - The System Board (8-bit Transfer)
DRQ1 - No Specific Assignment, တစ်ခါတစ်ရံ Sound Cards, (သို့) SCSI Host Adapters တို့အတွက် အသုံးပြုတတ်ပါတယ်။  (8-bit Transfer)
DRQ2 - The Diskette Drives (8-bit Transfer)
DRQ3 - No Specific Assignment, တစ်ခါတစ်ရံ Sound Cards, Network Interface Cards (သို့) SCSI Host Adapters တို့အတွက် သုံးပါတယ်။ (8-bit Transfer)
DRQ4 - No Specific Assignment (16-bit Transfer)
DRQ5 - No Specific Assignment, တစ်ခါတစ်ရံ Sound Blaster Cards တွေမှာ ဒီ Channel ကို အသုံးပြုပါတယ်။ (16-bit Transfer)
DRQ6 - No Specific Assignment (16-bit Transfer)
DRQ7 - No Specific Assignment (16-bit Transfer)
 နောက်ထပ် ဥပမာ အနေနဲ့ DMA Channel နဲ့ သက်ဆိုင်တာလေးတွေကို ဖေါ်ပြပေးပါဦးမယ်။ တစ်ခါတစ်ရံ အောက်မှာ ဖေါ်ပြထားတဲ့အတိုင်း မြင်တွေ့နိုင်ပါတယ်။
    * DMA0 - free
    * DMA1 - (sound card)/ free
    * DMA2 - floppy disk controller
    * DMA3 - parallel port (printer port)
    * DMA4 - direct memory access (DMA) controller (connected to DMA0)
    * DMA5 - Same as DMA1
    * DMA6 - (SCSI)/ free
    * DMA7 - Available
 အခု လောလောဆယ်မှာတော့ အနည်းငယ် ရှုပ်ထွေးနေပါလိမ့်မယ်။ ပိုပြီး နားလည်သွားအောင် မိမိတို့ရဲ့ Computer အတွင်းမှာ ရှိနေတဲ့ DMA Channel တွေကို လေ့လာကြည့်ရအောင်နော်။ ဘယ်လိုသွားရမလဲဆိုတဲ့ လမ်းကြောင်းကိုလည်း ပြောပြပေးမယ်နော်။ Start>All Programs> Accessories>System Tools>System Information ကို သွားလို့ရသလို My Computer ကို Right Click နှိပ်ပြီး Properties ထဲဝင်ကာ Hardware Tab မှ တဆင့် Device Manager ထဲ ၀င်လို့ရပါတယ်။ အဲဒီ နောက် View ဆိုတဲ့ Tab လေးထဲမှာ ပါဝင်တဲ့ Resources by Type ကို ရွေးပြီး ကြည့်လို့ရပါတယ်။






နောက်ထပ် မှတ်သားရမှာတစ်ခုက DMA မှာလည်း ကန့်သက်ချက် ရှိပါတယ်။ DMA က ISA Bus မှာ စိုက်ထားတဲ့ Card တွေမှာပဲ အလုပ် လုပ်ဆောင်ပေးနိုင်ပါတယ်။ Speed အနေနဲ့တော့ အမြန်ဆုံး 8MHz ပဲ ရနိုင်ပါတယ်။ 8237 Chip လေးက Data တစ်ခါသယ်တိုင်း 8-bit ပဲ သယ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် Computer အသုံးပြုတဲ့အခါ နှေးနေတတ်ပါတယ်။ နောက်ပိုင်းမှာ မြန်ဆန်လာတဲ့ Modern Computer တွေကို တဖြည်းဖြည်းနဲ့ ထုတ်လုပ်လာကြတော့ 8237 Chip လေးကို မသုံးတော့ဘဲ DMA ကို အသုံးပြုနိုင်မယ့် လုပ်ငန်းစဉ် (Process) တစ်ခု  ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ အရာလေးကို Bus Mastering လို့ ခေါ်ပါတယ်။ Bus Mastering အကြောင်း လေ့လာချင်တယ်ဆိုရင်တော့ အဲဒီ ခေါင်းစဉ်နဲ့ သင်ခန်းစာလေးကို စောင့်မျှော် ဖတ်ရှုပါဦးနော်...။




























DDR3 အကြောင်းနှင့်ပတ်သက်ပြီး
















DDR3 ဆိုတာ ကွန်ပျူတာမှာ အသုံးပြုသော Memory တစ်ခုပါပဲ။ DDR3 ဆိုတာ SDRAM တစ်မျိုးဖြစ်ပြီး Dynamic Random Access  Memory တွေထဲက တစ်မျိုးပါပဲ။ DDR3 SDRAM ဆိုတာ Double Data Rate Three Synchronous Dynamic Random Access Memory ၏ အတိုကောက်ဖြစ်တယ်။ ဘယ်တုန်းကပေါ်ပေါက်လာတာလဲဆိုတော့ ၂၀၀၇ ခုနှစ်အစောပိုင်းမှာ ပေါ်ပေါက်လာတာ ဖြစ်တယ်။ DDR3 Memory ကို ကွန်ပျူတာ တစ်လုံးမှာ Bandwidth များများ အသုံးပြုရန်လိုသော ကွန်ပျူတာတွေအတွက်နှင့် တစ်ခြား Digital Electronic Device တွေအတွက် အသုံးပြုတယ်။ များစွာသော DRAM Memory ထုပ်လုပ်သူများက PC ထုပ်လုပ်သူများ၏ဈေးကွက်ကို မြှင့်တင်နိုင်ဖို့အတွက်  ဦးဆောင်နိုင်ဖို့အတွက် ပထမဦးဆုံး DDR3 Device တွေနှင့် Modules တွေကို ၂၀၀၇ ခုနှစ်အစောပိုင်းမှာ ထုတ်လုပ်ခဲ့ကြတာ ဖြစ်တယ်။

DDR3 SDRAM သည် DDR2 SDRAM ပြီးတော့ ထပ်ပြီး အဆင့်မြှင့်ထုတ်လုပ်လာသော အမျိုးအစားတစ်ခု ဖြစ်တယ်။ DDR2 ထက် ဘာကောင်းလဲဆိုတော့ Data Transfer လုပ်တဲ့ နေရာမှာ DDR3 ဟာ DDR2 ထက် နှစ်ဆပိုပြီးတော့ မြန်ဆန်ပါတယ်။  တခြား အစောပိုင်း Memory နည်းပညာတွေထက် Bus Rate နှင့် Peak Rate တွေ မြင့်မားတယ်။ 
 Intel ရဲ့ Bearlake Chipset ဟာ ဒီ DDR3 Memory ကို Support လုပ်နိုင်သော ပထမဦးဆုံးသော Chipset တစ်ခု ဖြစ်တယ်။ ၂၀၀၇ ခုနှစ် တတိယပတ်လောက်မှာ ပေါ်လာတာ ဖြစ်တယ်။ 









DDR3 Memory ရဲ့ အဓိက Feature လက္ခဏာရပ်များ-
        DDR3 Memory Component ရဲ့ အားသာချက်တွေကတော့ ယနေ့ခေတ် အသုံးပြုနေကြသော အမြင့်ဆုံး Speed ရှိတဲ့ DDR2 Memory  Product တွေထက် နှစ်ဆ ပိုပြီးတော့ မြန်ဆန်ပါတယ်။
        DDR3 Memory နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုထားသော  ကွန်ပျူတာ System တွေဟာ ၂၀၀၇ ခုနှစ်မှာဆိုရင် ပထမဦးဆုံး ပေါ်ပေါက်လာတာ ဖြစ်တယ်။
        DDR3 Memory ရဲ့ အဓိက အားသာချက်တွေကတော့ Bandwidth မြင့်မားတယ်။ Power နည်းနည်းလေးနဲ့ Performance ကောင်းကောင်း လုပ်နိုင်တယ်။
        နောက်တစ်ခုက DDR3 SDRAM  Device တွေကို အသုံးပြုသော ကွန်ပျူတာတွေမှာ Data Transfer Rate ကို 1600 Mbps ထိ Support လုပ်နိုင်ပါတယ်။
        DDR2 Memory ကို အသုံးပြုတဲ့ ကွန်ပျူတာမှာ ဆိုရင် Power Consumption ဟာ 1.8 Volts လောက်ရှိပေမယ့် DDR3 Memory  ဟာဆိုရင် 1.5 Volts လောက်ပဲရှိတာ ဖြစ်တယ်။ ပြောရမယ်ဆိုရင် Voltage ယူနှုန်း သက်သာတာပေါ့။ DDR2 ထက် 30 ရာခိုင်နှုန်းလောက် သက်သာတယ်။ Voltage ယူနှုန်းသက်သာခြင်းဟာ ကွန်ပျူတာရဲ့ Powerကိုလည်း သက်သာစေတဲ့အပြင် Heat အပူချိန်ကိုလည်း လျှော့ချပေးနိုင်တယ်။ Connection ဆက်သွယ်တဲ့အခါတွေမှာလည်း Bandwidth ကို ကောင်းစေပါတယ်။
          DDR3 Memory Standard အမျိုးအစားတွေကို 512 Mb ကနေမှ 8 Gb ထိ အမျိုးအစားတွေ ရှိပါတယ်။ အစပိုင်းမှာတော့ 512 Mb နှင့် 1 Gb ထိလောက်ကိုပဲ အရင်ဦးဆုံး ထုတ်လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ 2 Gb ထုတ်လုပ်လာတယ်။ တဖြည်းဖြည်း 4 Gb အထိ ထုတ်လုပ်လာခဲ့ကြပါတယ်။
          Module တွေအနေနဲ့ ပြောရရင်တော့ JEDEC Module အမျိုးအစားတွေအတွက် 256 MB ကနေမှ 8 GB ထိ ထုတ်လုပ်ခဲ့တယ်။ Windows Server တို့လို Application တွေအတွက် 8GB Module တွေကို ထုတ်လုပ်ပြီးတော့ စတင်မိတ်ဆက်လာတော့မှာ ဖြစ်တယ်။ အမြင့်ဆုံး Memory  Module Size ဟာ 16 GBထိ ရှိပါတယ်။







DDR3 SDRAM Component အစိတ်အပိုင်းများ
        Introduction of synchronous RESET pin
        Support of System Level Flight Time Compensation
        On-DIMM Mirror Friendly DRAM Ballout
        Introduction of CWL (CAS Write Latency) Per Speed bin
        On-die IO Calibration Engine
DDR2 Memory နှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုလျင်- DDR3 ဟာ-
        DDR3 Memory ဟာ DDR2 Memory ထက် Bandwidth ပိုကြီးတယ်။ 1600 Mbps ထိ Support လုပ်နိုင်တယ်။
        Power နည်းနည်းလေးနဲ့လည်း Performance ကောင်းကောင်းပေးနိုင်ပါတယ်။
        Low Power Feature တွေဖြစ်တဲ့ Power အသုံးပြုမှုနည်းတဲ့ အမျိုးအစားတွေ နှင့် Thermal Design တွေကိုလည်း အဆင့်မြင့်အောင် Enhance လုပ်ပေးတယ်။ မြှင့်တင်ပေးနိုင်တယ်။
          DDR3 အမျိုးအစား အမျိုးမျိုးရှိပါတယ်။ အောက်ပါတို့မှာ DDR3 SDRAM DIMM Module တွေနှင့် ၄င်းတို့ရဲ့ Feature တွေကိုဖော်ပြပေးထားပါတယ်။
၁။       ပထမဆုံး Chip နံပါတ် အမျိုးအစား DDR3-800 မှာ သူ့ရဲ့ Clock Speed က 400 MHz ရှိတယ်။ Data Rate က 800 Mbit နှင့် Data Transfer Rate ကတော့ 6400 MHz ရှိတယ်။ DIMM Module နံပါတ်ကတော့ PC3-6400 ဖြစ်ပါတယ်။
၂။       DIMM Module နံပါတ် PC3-8500 ဖြစ်တဲ့ DDR3-1066 Chip အမျိုးအစားမှာ Clock Speed က 533 MHz နှင့်အလုပ်လုပ်တယ်။ Data Rate မှာ 1066 Mbps ရှိတယ်။ Data တွေကို ပို့တဲ့ Transfer Rate က 8,530 MHz  ရှိတယ်။
၃။       DDR3-1333 မှာ DIMM Module နံပါတ် PC3-10667 ဖြစ်တယ်။ သူက Clock Speed 667 MHz ဖြင့်အလုပ်လုပ်ပြီးတော့ Data Rate ကတော့ 1333 Mbps ရှိပါတယ်။ Data ပို့တဲ့ Tansfer Rate မှာ 10,660 MHz ရှိတယ်။
၎။       Chip အမျိုးအစား DDR3-1600 မှာ Clock Speed 800 MHz ဖြစ်ပြီး Data Rate မှာ 1600 Mbps ဖြစ်တယ်။ Data ပို့တဲ့ Transfer Rate က 12,800 MHz နှင့်ပို့တာဖြစ်တယ်။ DIMM Module အမျိုးအစားက PC3-12800 ဖြစ်တယ်။
၅။       DDR3-1866 Chip အမျိုးအစားရဲ့ Data ပို့တဲ့ Clock Speed မှာ 933 MHz ဖြစ်တယ်။ Data Rate မှာတော့ 1866 Mbps ဖြစ်ပြီး Data Transfer Rate က 14,930 MHz ဖြစ်အလုပ်လုပ်တာဖြစ်တယ်။ DIMM Module မှာ PC3-14900 အမျိုးအစားဖြစ်ပါတယ်။
          ဒီလောက်ဆိုရင် DDR3 Memory နည်းပညာအကြောင်းကို သိသင့်သလောက်တော့ သိလောက်ပြီလို့ထင်ပါတယ်။ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်သော DDR3 Memory နှင့် DDR2 တို့ရဲ့ ကွာခြားချက်တွေလည်းသိလောက်ပြီ။ DDR3 Memory ရဲ့ Chip အမျိုးအစားတွေနှင့်  ၄င်းတို့၏ အလုပ်လုပ်တဲ့ Clock Speed, Data Rate, Transfer Rate တို့ကိုပါ သိမယ်နော်။  ဒါဆိုရင် ဒီမှာတင်ပဲ DDR3 နည်းပညာအကြောင်းကို အပြီးသတ်လိုက်ပါတယ်။



















CPU မီးလောင်နိုင်ပါသလား
















အခြား Electronic ပစ္စည်းတွေလိုပဲ CPU ကလည်း အလုပ်လုပ်နေတဲ့အချိန်မှာ အပူကို စွန့်ထုတ်ပါတယ်။ အပူအရမ်းများတဲ့အခါမှာ CPU က ကောင်းကောင်း အလုပ်လုပ်နိုင်ခြင်းမရှိတော့ဘဲ System က မတည်မငြိမ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ တစ်ခါတစ်ရံမှာ အပူအရမ်းများပြီး CPU လောင်ကျွမ်းသွားနိုင်ပါတယ်။ ဒီဆောင်းပါးလေးက CPU မှာ မည်သည့်အတွက်ကြောင့် အပူချိန် အရမ်းမြင့်တက်ရသလဲ၊ မြင့်တက်လာတဲ့ CPU ရဲ့ အပူချိန်ကို ဘယ်လိုတိုင်းတာမလဲ အစရှိသည်တို့ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ CPU မီးလောင်နိုင်သလားပေါ့။
















CPU ရဲ့အတွင်းထဲမှာ Wires ပေါင်း မြောက်များစွာ ရှိပါတယ်။ ၎င်း Wire တွေကို Conductor လို့လည်း ခေါ်ပါတယ်။ Electrons နှင့် Conductor ကြားမှာ လျှော့ဖြစ်ပြီးတော့ အပူချိန်က တဖြည်းဖြည်း မြင့်တက်လာပါတယ်။ အဲလိုမြင့်တက်လာတဲ့ အပူချိန်တွေကို တတ်နိုင်သမျှ ဖယ်ရှားပြစ်ဖို့ လိုအပ်ပါတယ်။ အဲလိုမှ မဖယ်ရှားနိုင်ဘူးဆိုလျင် အပူချိန်ဟာ တဖြေးဖြေး မြင့်သထက်မြင့်လာပြီး CPU ရဲ့ အတွင်းပိုင်းမှာရှိတဲ့ အစိတ်အပိုင်းလေးတွေ ပျက်စီးတတ်ပါတယ်။
 CPU ထုတ်လုပ်သူတွေက CPU ရဲ့ အမြင့်ဆုံး အပူချိန်ကို Coded Format နဲ့ ဖော်ပြတတ်ကြပါတယ်။ အမြင့်ဆုံး အပူချိန်ကို ရောက်တဲ့အထိ  CPU ဟာ လောင်ကျွမ်းခြင်းမရှိဘဲ အလုပ်လုပ်နိုင်ပါသေးတယ်။ CPU ရဲ့ အပူချိန်နည်းလျင်တော့ ပိုကောင်းတာပေါ့။ အဲလို CPU ရဲ့ အပူချိန်နည်းဖို့ရန်အတွက် အရည်အသွေး ကောင်းမွန်တဲ့ CPU Coolers နှင့် Thermal Grease ကို အသုံးပြုခြင်းဖြင့် CPU ရဲ့ အပူချိန်ကို လျှော့ချနိုင်ပါတယ်။
 CPU ရဲ့ အမြင့်ဆုံး အပူချိန်ကို ကျော်လွန်ပြီး အသုံးပြုမယ်ဆိုလျင်တော့ CPU ရဲ့ သက်တမ်းဟာ တိုတောင်းသွားနိုင်ပါတယ်။ မူလသတ်မှတ်ထားတဲ့ CPU ရဲ့ သက်တမ်းကို မရောက်မီ CPU က ပျက်စီးသွားနိုင်ပါတယ်။ အဆိုးဆုံး ဖြစ်နိုင်တာကတော့ CPU ဟာ လောင်ကျွမ်းသွားနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အဲဒီလို လောင်ကျွမ်းသွားလျင်တော့ CPU သေပြီလို့သာ သတ်မှတ်လိုက်ပါ။
 စာဖတ်သူအနေနဲ့ CPU ရဲ့ အပူချိန်ကို သိလို့မရဘူးလားလို့ မေးစရာရှိလာပါတယ်။ ဟုတ်ကဲ့ သိလို့ရပါတယ်။ အဲဒါကတော့ Motherboard ပေါ်မှာရှိတဲ့ Sensor ကနေတဆင့် CPU ရဲ့ အပူချိန်ကို တိုင်းတာပေးနိုင်သလို၊ Core 2 Duo လိုမျိုး နောက်ဆုံးပေါ် CPU တွေမှာ အပူချိန်ကို တိုင်းတာတဲ့ Sensor တွေကို ထည့်သွင်းလာပါတယ်။ Motherboard တော်တော်များများမှာ Sensor က အချက်အလက်တွေကို ဖတ်နိုင်ဖို့ရန်အတွက် Program တွေ ပါဝင်ပါတယ်။ ၎င်း Program တွေက Sensor က ရရှိတဲ့ အချက်အလက်တွေကို ဖော်ပြပေးပါတယ်။
အထက်မှာ ပြထားတဲ့ speed fan ဆိုတဲ့ program လေးက computer ထဲမှာ ရှိတဲ့ CPU ၊ Graphic card ၊hard Disk နဲ့ System ရဲ့ အပူချိန်တွေကို စောင့်ကြည့် နိုင်စေပါတယ်။ ထို့ အပြင် CPU ရဲ့ fan တွေ ရဲ့ လည်ပတ်နှုန်းကို လည်း control လုပ်နိုင်ပါတယ်။
Internet မှာလည်း Program အချို့ကို Download လုပ်ပြီး အသုံးပြုလို့ရပါတယ်။ အောက်မှာ ဖော်ပြထားတဲ့Website(http://www.hardwaresecrets.com/page/download_overclock)လေးက နေလည်း Motherboard Monitor နှင့် Hardware Sensors Monitor တွေကို Download လုပ်လို့ရပါတယ်။
 CPU ရဲ့ အပူချိန်တွေက အမျိုးအစားနဲ့ Model တွေပေါ်မူတည်ပြီးတော့ ကွဲပြားပါတယ်။ တချို့ CPU တွေက အမြင့်ဆုံး အပူချိန် (၅၀) ဒီဂရီ လောက်ပဲ လက်ခံနိုင်ပါတယ်။ အပူချိန် (၅၀) ဒီဂရီ ကျော်သွားလျင်တော့ Overheat ဖြစ်ပါပြီ။ ဒီတော့ CPU ကို ၀ယ်တဲ့အခါ အပူချိန် ဘယ်လောက်ထိ ခံနိုင်ရည်ရှိတယ်ဆိုတာ ကြည့်ဖို့လိုအပ်ပါတယ်။ တစ်ချို့ CPU တွေမှာ အပူချိန် (၁၀၀) ဒီဂရီလောက်ထိ ခံနိုင်ရည်ရှိပါတယ်။
 နိဂုံးချုပ်အနေနဲ့ ပြောရလျင်တော့ CPU Overheat ဖြစ်လျင် CPU လောင်ကျွမ်းနိုင်ပါတယ်။ မလောင်ကျွမ်းဘူးဆိုရင်တောင် CPU က Melt ပေါ့နော် ပျော်ကျသွား၊နိုင်ပါတယ်။ ဒီတော့ CPU Overheat မဖြစ်အောင် ထိန်းသိမ်းဖို့လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။











CPU Socket များအကြောင်း









CPU Socket ဆိုတာဟာ Electrical Component ဖြစ်ပြီး ၎င်းအား Printed Circuit Board (PCB) နှင့်တွဲဖက်ထားပါတယ်။ ၎င်းဟာ CPU ထည့်သွင်းအသုံးပြုသည့်နေရာဖြစ်ပြီး Socket တစ်ခုနှင့်တစ်ခု Pin အရေအတွက် ကွာခြားကြပါတယ်။ CPU Socket တစ်ခုဟာ Function ပေါင်းများစွာကို လုပ်ဆောင်နိုင်ပြီး အသုံးပြုနိုင်သော CPU အမျိုးအစား၊ Heatsink များအပြင် PCB နှင့် CPU ကို အဓိကချိတ်ဆက်ပေးပါတယ်။ ထို CPU Socket များအား Desktop နှင့် ဆာဗာကွန်ပျူတာများအတွင်း အလွယ်တကူ တွေ့မြင်နိုင်ပေမယ့် Laptop များမှာတော့ Motherboard ပေါ်တွင် CPU ကိုထည့်သွင်းထားပါတယ်။




CPU Socket များ၏ ပုံသဏ္ဍန်မှာ CPU အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားကြပါတယ်။ CPU အများစုဟာ Pin Grid Array (PGA)ကို အခြေခံ တည်ဆောက်ထားကြပြီး Processor အောက်ခြေ၌ Pin များနှင့် တွဲဖက်နိုင်ရန် ပုံဖော်တည်ဆောက်ထားကြပါတယ်။
          ၂၀၀၇ ခုနှစ်မှာတော့ Land Grid Array (LGA) Package အသစ်ပေါ်ထွက်လာပြီး PGA Architecture ထက်ပိုမိုအောင်မြင်လာကာ နောက်ဆုံးပေါ် CPU များနှင့် တွဲဖက်အသုံးပြုနိုင်ပါတယ်။ ထို LGA Socket အတွင်း သေးငယ်သော Pin များထည့်သွင်းထားပါတယ်။ LGA ဟာ ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး နှစ်အတော်ကြာမအောင်မြင်ပါဘူး။









၁၉၉၀ နောက်ပိုင်းမှာတော့ X86 Processor များဟာ Socket အစား Slot နှင့် ပိုမိုအသုံးပြုနိုင်ရန် ထုတ်လုပ်ခဲ့ပါတယ်။ CPU Slot များဟာ Expansion Slot နှင့် ဆင်တူပြီး အစွန်းတစ်ဘက်တွင် Connectorများ ပါဝင်ပါတယ်။ Slot CPU Package များ အသုံးပြုခြင်းကြောင့် CPU အတွင်း L2 Cache Memory ကို ထည့်သွင်းအသုံးပြုနိုင်စေပြီး Processor များတပ်ဆင်ခြင်းအတွက် ပိုမိုလွယ်ကူလာခဲ့ပါတယ်။











Function
 CPU Socket များအား တစ်ခါတစ်ရံတွင် ပလတ်စတစ်များဖြင့် ပြုလုပ်ကြပြီး သတ္ထုမောင်း ခလုတ်များတပ်ဆင်ကြပါတယ်။ Package အများစုဟာ CPU တပ်ဆင်ရာတွင် လွယ်ကူမှန်ကန်စေရန် ဆောင်ရွက်ထားကြပြီး PGA Package ဟာ Socket အတွင်းထည့်သွင်းပြီးသည်နှင့် CPU ကို ဖုံးအုပ်ထား ပါတယ်။ ဒါဟာ CPU ကို လုံခြုံစိတ်ချစွာ တပ်ဆင်အသုံးပြုနိုင်စေရန်နှင့် CPU Pin များ Socket အတွင်း အံဝင်ဂွင်ကျဖြစ်စေရန်ပဲ ဖြစ်ပါတယ်။ LGA Package မှာတော့ Socket အတွင်း CPU ကို တပ်ဆင်ပြီးနောက် CPU အပေါ်မှတစ်ဆင့် အဖုံးပိတ်ရန်ပဲ ဖြစ်ပါတယ်။ CPU Socket အများစုဟာ Heatsink တပ်ဆင်နိုင်ရန် ပြုလုပ်ထားကြသလို Heatsink ၏ အလေးချိန်ဟာ CPU အပေါ်သို့ မကျရောက်စေရန်လည်း ဆောင်ရွက်ထား ကြပါတယ်။ ထို Heatsink ဟာ CPU အား အေးမြစေရန် ဆောင်ရွက်ပေးနိုင်ပြီး CPU အမျိုးအစားအလိုက် Heatsink အရွယ်အစားမှာလည်း ကွဲပြားကြပါတယ်။









AM3 Socket
          CPU Socket များ CPU နှင့် PCB တွဲဖက်ရာတွင် လွယ်ကူလုံခြုံမှုရှိစေရန် ပြုလုပ်ထားကြပြီး CPU ထိခိုက်မှုမှလည်း ကာကွယ်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ CPU တစ်လုံးဟာ ကွန်ပျူတာ System အတွင်း ဈေးအကြီးဆုံး Component များဖြစ်သောကြောင့်ပဲ ဖြစ်ပါတယ်။ Socket အများစု၏ အမည်ရှေ့ဆုံး၌ ဂဏန်းအက္ခရာ ၃ သို့မဟုတ် ၄ စသည့်ဖြင့် ပါဝင်ကြပြီး ၎င်းဟာ Pin အရေအတွက်ကို ကိုယ်စားပြုပါတယ်။

          Slot 1 အား SC 242 ဟုလည်း ခေါ်ဆိုကြပြီး ၎င်းဟာ Slot-Type အမျိုးအစားပဲ ဖြစ်ပါတယ်။ ထို Slot 1 ဟာ Pentium II Processor များအတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး နောက်ပိုင်းမှာတော့ Celeron များနှင့်ပါ အသုံးပြုနိုင်ပါတယ်။ Pentium III ကတော့ Slot 1 ကို နောက်ဆုံးအသုံးပြုနိုင်သော Processor ဖြစ်ပြီး Slot 1 ၏ Connector များဟာ 5.23" (13.29 cm) အရှည်ရှိပါတယ်။ ထို Slot 1 ဟာ အများစု 400 g အလေးချိန်ရှိသော Heatsink ကို အသုံးပြုနိုင်ပြီး SEC Cartridge ပါဝင်ပါတယ်။
Supported Processors
          Slot 1 နှင့်တွဲဖက်အသုံးပြုနိုင်သော Processor များကတော့
Celeron (Convington) (266-300 MHz)
Celeron (Mendocino) (266-433 MHz)
Pentium III (233-450 MHz)
Pentium III (Katmai) in SECC 2 package (450-600 MHz)
Pentium III (Coppermine) in SEC2 package (500-1133 MHz)
၎င်း CPU နှင့် compatible ဖြစ်တဲ့  Package Types များကတော့
Single Edge Connector Cartridge (SECC)
Single Edge Connector Cartridge 2 (SECC 2)
Single Edge Processor Package (SEPP) တို့ဖြစ်ကြပါတယ်။